ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း သတင်းမီဒီယာသမားများအား လက်ခံတွေ့ဆုံ၍ မေးမြန်းချက်များအပေါ် ပြန်လည်ဖြေကြား

ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ပြည်သူ့လွှတ်တော် တိုင်းရင်းသားရေးရာ၊ ကျေးလက်လူမှုဘဝမြှင့်တင်ရေးရာနှင့်ပြည်တွင်းငြိမ်း ချမ်းရေးဖော်ဆောင်မှုကော်မတီ ဥက္ကဋ္ဌ ဦးသိန်းဇော်နှင့် ပြည်သူ့လွှတ်တော် ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးသိန်းဆွေတို့နှင့် အတူ

ယနေ့ မွန်းလွဲ (၁၂) နာရီ (၄၅) မိနစ်တွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ဇမ္ဗူသီရိဆောင်၌ ပြည်တွင်းသတင်းစာ၊ ဂျာနယ်များနှင့် ပြည်တွင်းအခြေစိုက် ပြည်ပ သတင်းဌာနများမှ အယ်ဒီတာများနှင့် သတင်းထောက်များအား လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုလွှတ်တော်နာယကက ပြည်တွင်းသတင်းစာ၊ ဂျာနယ်များနှင့် ပြည်တွင်းအခြေစိုက် ပြည်ပသတင်းဌာနများမှ သတင်းထောက်များ၏ မေးမြန်းချက်များအပေါ် ပြန်လည် ရှင်းလင်းဖြေကြားခဲ့သည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်တွင်းသတင်းစာ၊ ဂျာနယ်များနှင့် ပြည်တွင်းအခြေစိုက် ပြည်ပသတင်း ဌာန (၂၄) ခုတို့မှ အယ်ဒီတာနှင့် သတင်းထောက်စုစုပေါင်း (၄၁)ဦး တက် ရောက်ခဲ့ကြသည်။

Standard (Image)