ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းဗြိတိန်နိုင်ငံ၊ နိုင်ငံခြားရေးနှင့် ဓနသဟာယရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးအား လက်ခံတွေ့ဆုံ

ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ဇန်နဝါရီ ၂၈ ရက်၊ ညနေ ၃ နာ ရီ ၃၀ မိနစ်တွင် ဗြိတိန်နိုင်ငံ၊ နိုင်ငံခြားရေးနှင့် ဓနသဟာယရေးရာ ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး Rt. Hon. Hugo George William Swire Mpအား နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ ပြည်သူ့ လွှတ်တော် ဧည့်ခန်းမဆောင်၌ လက်ခံ တွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း နှင့် အတူ ပြည်သူ့လွှတ်တော် ကော်မတီဥက္ကဋ္ဌများဖြစ်ကြသည့် ဦးမောင်မောင်သိမ်း၊ ဦးလှမြင့်ဦး၊ ဦးဌေးမြင့်၊ ကော်မရှင် အဖွဲ့ဝင် ဒေါ်အေးအေးမူနှင့် လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး ဧည့်သည်တော် အဖွဲ့နှင့် အတူ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်နိုင်ငံ သံအမတ်ကြီး H.E. Mr. Andrew Patrickလည်း တက်ရောက်သည်။

နေပြည်တော်၊ ဇန်နဝါရီ  ၃၀

Standard (Image)