ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း US-ASEAN Business Council ဥက္ကဋ္ဌ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည်      US-ASEAN Business Council (USABC) ဥက္ကဋ္ဌ Mr. Alexander C. Feldman ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့မွန်းလွဲ (၂) နာရီတွင်  နေပြည်တော်ရှိ လွှတ်တော်အဆောက် အအုံ ဇမ္ဗူသီရိဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့လက်ခံတွေ့ဆုံရာတွင် ပြည်ထောင်စုလွှတ်တော် နာယက နှင့် အတူ ပြည်သူ့    လွှတ်တော်ကော်မတီဥက္ကဋ္ဌများဖြစ်ကြသော ဦးအောင်သောင်း၊ ဦးစိုးသာ၊ ဦးမောင်မောင်သိမ်း၊ ဦးသိန်းဇော်၊ ဦးသိန်းဆွေနှင့် ဦးလှမြင့်ဦး၊ ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များလေ့လာ ဆန်းစစ်သုံးသပ်ရေး ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ထွန်းနှင့် ဒေါ်အေးအေးမူ၊ ပြည်ထောင်စု လွှတ်တော်ရုံးနှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

 တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်း ဆောင်ရွက်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးခင်မင် စွာ ဆွေးနွေးခဲ့ကြသည်။

Standard (Image)