နိုင်ငံတော်သမ္မတထံမှ ပြည်ထောင်စု လွှတ်တော်နာယကထံသို့ ပြန်လည်ပေးပို့သော သတင်းမီဒီယာဆိုင်ရာ ကိစ္စနှင့် ပတ်သက်သည့် သဝဏ်လွှာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း ဖတ်ကြား

နိုင်ငံတော်သမ္မတထံမှ ပြည်ထောင်စုလွှတ်တော် နာယကထံသို့ ပြန်လည်ပေးပို့သော သတင်း မီဒီယာဆိုင်ရာကိစ္စနှင့် ပတ်သက်သည့် သဝဏ်လွှာကို ပြည်ထောင်စုလွှတ်တော် နာယက ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ယနေ့ ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ဖတ်ကြားတင်ပြခဲ့သည်။ အဆိုပါသဝဏ်လွှာအား လာမည့်ပြည်ထောင်စုလွှတ်တော်တွင် ဖတ်ကြားရန်စီစဉ်ထားသော်လည်း လိုအပ်ချက်အရယနေ့ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဖတ်ကြားတင်ပြခြင်းဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက ပြောကြားသည်။

နိုင်ငံတော်သမ္မတထံမှ ပြန်လည်ပေးပို့သည့် သဝဏ်လွှာတွင် အချက်(၅)ချက် ပါဝင်ပြီး သတင်းမီဒီယာ ဖွံ့ဖြိုးရေးအတွက် အုပ်ချုပ်ရေးအဖွဲ့အစိုးရက အလေးထား ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အမုန်းပွားစေမည့် ဥပဒေမဲ့ ရေးသားပြောဆိုမှုများကို နိုင်ငံသားများက လက်ခံလိုခြင်း မရှိကြောင်း၊ ပြည်သူများက မီဒီယာကို လွတ်လပ်မှုနှင့်အတူ တာဝန်သိသော၊ တာဝန်ရှိသော၊ သိက္ခာရှိသော မီဒီယာဖြစ်စေလိုကြောင်း၊ တည်ဆဲဥပဒေ ချိုးဖောက်ခြင်းကြောင့် တရားစီရင်ရေးမဏ္ဍိုင်မှ စီရင်ဆုံးဖြတ်ခြင်းသည် အုပ်ချုပ်ရေးအဖွဲ့ အစိုးရနှင့် တိုက်ရိုက် ပတ်သက်မှုမရှိကြောင်း၊ တရားဥပေဒနှင့်အညီ နေထိုင်ဆောင်ရွက်မည်ဆိုပါက မည်သည့်ပုဂ္ဂိုလ်၊ မည့်သည့် အဖွဲ့အစည်းကိုမဆို အုပ်ချုပ်ရေးအစိုးရအဖွဲ့အနေဖြင့် အကာအကွယ်ပေးသွားမည်ဖြစ်ကြောင်း စသည်ဖြင့်် ပါရှိ သည်။

Standard (Image)