ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ ပြင်သစ်သုတေသန လက်ထောက် ပါမောက္ခ Dr. Renaud EGRETEAU အား လက်ခံတွေ့ဆုံ

ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ သည် ဟောင်ကောင်တက္ကသိုလ်မှ ပြင်သစ်သုတေသန လက်ထောက် ပါမောက္ခ Dr. Renaud EGRETEAU အား ယနေ့နံနက် (၉) နာရီတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် (I-1) ၌ လက်ခံတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာနှင့်အတူ ဥပဒေကြမ်း ကော်မတီဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာ ဆန်းစစ် သုံးသပ် ရေးကော်မရှင် အဖွဲ့ဝင် ဒေါ်တင်ဘုန်းနွယ်နှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက် ကြသည်။

Standard (Image)