ပြည်ထောင်စုလွှတ်တော်ဒုတိယနာယက ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာသည် ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၂၀ နံနက် ၀၉း၀၀ တွင် Oxford University မှ ကထိကဖြစ်သူ Mr. Andrew McLeod ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့အား နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် (I-1) ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် (၂၀၀၈) ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ လေ့လာသုံးသပ်ရေး ကော်မတီ၏ လုပ်ငန်း ဆောင်ရွက်ချက်များ၊ လူမှုအဖွဲ့အစည်းအသီးသီးနှင့် လူပုဂ္ဂိုလ်တစ်ဦးချင်းစီမှ ပေးပို့သော အကြံပြုစာကိစ္စရပ်များ၊ Oxford University မှ မြန်မာနိုင်ငံရှိ ရန်ကုန်တက္ကသိုလ် ဥပဒေဌာန၏ စာကြည့်တိုက်၊ သင်ကြားမှုနှင့် သုတေသနမှု လုပ်ငန်းများအား အကူအညီ ပေးရေးကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
Standard (Image)
