ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း အား ဇူလိုင် (၉) ရက် ညနေ ၄ နာရီတွင် ဂျပန်-မြန်မာ ပါလီမန်ဆိုင်ရာချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ Hon. Mr. Ichiro AISAWA ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့မှ နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ ဇမ္ဗူသီရိဧည့်ခန်းမဆောင်၌ လာရောက်ဂါရဝပြုတွေ့ဆုံသည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း နှင့်အတူ ပြည်သူ့လွှတ်တော် ကော်မတီဥက္ကဋ္ဌများ ဖြစ်ကြသည့် ဦးဌေးဦး၊ သူရဦးအောင်ကို၊ ဦးလှမြင့်ဦး၊ အမျိုးသားလွှတ်တော် ကယ်ဆယ်ရေးနှင့် ဒုက္ခသည်များ ကူညီစောင့်ရှောက်ရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ ခင်ရွှေ၊ ပြည်သူ့လွှတ်တော် ကော်မတီ အတွင်းရေးမှူးများဖြစ်ကြသည့် ဦးစောလှထွန်း၊ ဦးကြည်သာ၊ ဒေါ်ဒွဲဘူ၊ ဦးကိုကိုထွန်း၊ ကော်မ
တီအဖွဲ့ဝင်များဖြစ်ကြသော ဒေါက်တာဝင်းမြင့်၊ ဒေါ်နန်းဝါနု၊ ဒေါ်စန္ဒာမင်း၊ ကော်မရှင် အဖွဲ့ဝင် ဒေါ်အေးအေးမူနှင့် လွှတ်တော်ရုံးများမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး ဧည့်သည်တော် အဖွဲ့နှင့် အတူ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ ဂျပန်နိုင်ငံ သံအမတ်ကြီး H.E. Mr. Tateshi HIGUCHI လည်း တက်ရောက်သည်။
