နေပြည်တော်၊ ဇန်နဝါရီ ၁၄
ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း သည် ကုလသမဂ္ဂဌာနေညှိနှိုင်းရေးမှူး/ UNDP ဌာနေကိုယ်စားလှယ် မစ္စ လော့ဒက်ဆဲလ်လီယန်နှင့်အဖွဲ့အား ယနေ့ညနေ(၄)နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ၊ ပြည်ထောင်စုလွှတ်တော် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း နှင့်အတူ ပြည်သူ့ လွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေးကော်မတီဥက္ကဋ္ဌ ဦးလှမြင့်ဦး၊ ကော်မရှင်အဖွဲ့ဝင်များဖြစ်ကြ သည့် ဒေါ်မြတ်မြတ် စိုး၊ ဒေါ်အေးအေးမူ နှင့် လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
(သတင်းစဉ်)
Standard (Image)
