ပြည်သူ့လွှတ်တော်၊ နိုင်ငံတကာ ဆက်ဆံရေး ကော်မတီ ဥက္ကဋ္ဌ ဦးဇော်သိန်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဆိုင်ရာ တူရကီနိုင်ငံ သံအမတ်ကြီး H.E. Mr. Kerem Divanlioglu အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်၊ နိုင်ငံတကာ ဆက်ဆံရေး ကော်မတီ ဥက္ကဋ္ဌ ဦးဇော်သိန်းသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ တူရကီနိုင်ငံ သံအမတ်ကြီး H.E. Mr. Kerem Divanlioglu နှင့်အဖွဲ့အား ယနေ့မွန်းလွဲ ၁ နာရီအချိန်တွင် နေပြည်တော်ရှိ လွှတ်တော် ရေးရာဆောင် (I-5) ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာနှင့် တူရကီ နှစ်နိုင်ငံတို့၏ လွှတ်တော်များ အပြန်အလှန် ဆက်ဆံရေး တိုးမြှင့်နိုင်ရန် ကိစ္စ၊ နှစ်နိုင်ငံ၏ တိုးတက်ကောင်းမွန်ပြီး ရှည်ကြာလျှက်ရှိသော ချစ်ကြည်ရင်းနှီးမှု ခိုင်မာရှင်သန်ရေး ကိစ္စ၊ တူရကီနိုင်ငံ၏ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (TIKA) ၏ မြန်မာပြည်တွင် ကူညီထောက်ပံ့နေသော လုပ်ငန်းများ၊ တူရကီနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများ မြန်မာနိုင်ငံသို့ ပိုမိုစီးဆင်းရေးကိစ္စနှင့် တူရကီနိုင်ငံက မြန်မာနိုင်ငံသို့ ကူညီလျက်ရှိသော ပညာရေး အစီအစဉ် ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ  ၉  ရက်

         

 

Standard (Image)