ပြည်သူ့လွှတ်တော်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးစိုးသူရထွန်းသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ အမေရိကန်နိုင်ငံ သံအမတ်ကြီး H.E. Mr.Scot Marciel အား ယနေ့မွန်းလွဲ ၁ နာရီ အချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-10) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ဥပဒေရေးရာကိစ္စရပ် များနှင့် ပြုပြင်ပြောင်းလဲရေးဆွဲသည့် ကျောက်မျက်ရတနာမူဝါဒဆိုင်ရာ ကိစ္စရပ်များ နှင့် အမေရိကန်နိုင်ငံမှ ကူညီပေးနိုင်သည့် ကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက်
Standard (Image)
