ပြည်သူ့လွှတ်တော်၊ ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ဝင်း ILO ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Greg Vines နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်၊ ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ဝင်းသည် ILO ဒုတိယ ညွှန်ကြားရေးမှူးချုပ် Mr. Greg Vines နှင့်အဖွဲ့အား ယနေ့ မွန်းလွဲ ၁ နာရီခွဲ အချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ်    (I-2) အစည်းအဝေးခန်းမ၌ လက်ခံ တွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေးဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်း စပ်လျဉ်း၍ အလုပ်ရှင်နှင့် အလုပ်သမား အငြင်းပွားမှု အခြေအနေ အရပ်ရပ်များ၊ အလုပ်ရှင်နှင့် အလုပ်သမားများ၏ စွမ်းဆောင်ရည် ပိုမိုတိုးတက်လာအောင် မြှင့်တင် ပေးနိုင်ရေးကိစ္စရပ်များနှင့် ပတ်သက်ပြီး ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူး ဦးကျော်စိုးလင်းနှင့် ကော်မတီအဖွဲ့ဝင်များ၊ တောင်သူလယ်သမားနှင့် အလုပ်သမားရေးရာကော်မတီမှ  ကော်မတီ အဖွဲ့ဝင်များ  တက်ရောက် ခဲ့ကြသည်။

၂၀၁၈ ခုနှစ် ၊ စက်တင်ဘာလ ၂၁ ရက်

 

Standard (Image)