ပြည်သူ့လွှတ်တော်၊ လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ ဦးကြည်မိုးနိုင်သည် Danayarzar Co.,Ltd အဖွဲ့အား ယနေ့မွန်းလွဲ ၃ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-8) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် Danayarzar Co.,Ltd အနေဖြင့် ဆောင်ရွက်လျက်ရှိသော လျှပ်စစ်ဓါတ်အားဖြန့်ဖြူးမှုဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ကြုံတွေ့နေရသော အခက်အခဲများကို အဆင်ပြေချောမွေ့စွာ ဆက်လက် ဆောင်ရွက်နိုင်ရေးနှင့် ပိုမိုတိုးတက်ကောင်းမွန်မည့် နည်းလမ်းအသစ်များကို ရင်းနှီးပွင့်လင်းစွာ တင်ပြ ဆွေးနွေးခဲ့ပါသည်။
အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီ ဥက္ကဋ္ဌနှင့်အတူ ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက်
Standard (Image)
