ပြည်သူ့လွှတ်တော်၊ ကျန်းမာရေးနှင့် အားကစား ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာစံရွှေဝင်း Save the Children International အဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်၊ ကျန်းမာရေးနှင့်အားကစား ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာစံရွှေဝင်း သည် Save the Children International  အဖွဲ့အား မွန်းလွဲ (၂) နာရီ အချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-13) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် ပညာရေး၊ ကျန်းမာရေး၊ ကလေးသူငယ်များ ကာကွယ်စောင့်ရှောက်ရေးနှင့် အခွင့်အရေးများဆိုင်ရာ စီမံဆောင်ရွက်ပေးနိုင်ရေး၊ အာဟာရဖွံ့ဖြိုးမှု စီမံကိန်းနှင့် အသက်မွေးဝမ်းကျောင်း ဆိုင်ရာ အလုပ်အကိုင်များအပေါ် ပံ့ပိုးမှုပေးနိုင်ရေး၊ အရေးပေါ်တုန့်ပြန်မှုအစီအစဉ်များ ဆောင်ရွက်နေမှု တို့နှင့် စပ်လျဉ်း၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ပါသည်။

အဆိုပါတွေ့ဆုံပွဲသို့  ကော်မတီဥက္ကဋ္ဌနှင့်အတူ အတွင်းရေးမှူး ဒေါက်တာသန်းဝင်းနှင့် ကော်မတီအဖွဲ့ဝင် များ တက်ရောက်ခဲ့ကြသည်။

၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက်

Standard (Image)