နေပြည်တော်သို့ ရောက်ရှိလာသည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အမျိုးသားပြည်သူ့ကွန်ကရက် (NPC) အမြဲတမ်းကော်မတီ ဒုတိယဥက္ကဋ္ဌ H.E.Mr. Ding Zhongli ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ပြည်သူ့လွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေးကော်မတီဥက္ကဋ္ဌ ဦးဇော်သိန်း သွားရောက်ကြိုဆိုနှုတ်ဆက

ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန် ၏ ဖိတ်ကြားချက်အရ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သို့ ချစ်ကြည်ရေးခရီး လာရောက် လည်ပတ်သော တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အမျိုးသား ပြည်သူ့ကွန်ကရက် (NPC) အမြဲတမ်း ကော်မတီ ဒုတိယဥက္ကဋ္ဌ H.E.Mr. Ding Zhongli ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ ညနေ ၁၇ နာရီ ၂၀ မိနစ်တွင် နေပြည်တော်သို့ UB 121 လေယာဉ်ဖြင့် ရောက်ရှိခဲ့ကြသည်။

အဆိုပါ ချစ်ကြည်ရေးခရီးလာရောက်ကြသည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အမျိုးသား ပြည်သူ့ကွန်ကရက် (NPC) အမြဲတမ်းကော်မတီ ဒုတိယဥက္ကဋ္ဌ H.E.Mr. Ding Zhongli ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပြည်သူ့လွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေးကော်မတီဥက္ကဋ္ဌ ဦးဇော်သိန်း နှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများက ခရီးဦးကြိုဆို နှုတ်ဆက်ကြသည်။

၂၀၁၈ ခုနှစ် ၊ စက်တင်ဘာလ  ၁၆ ရက်

Standard (Image)