ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ မလေးရှားနိုင်ငံသံအမတ်ကြီး H.E. Mr. Zahairi Baharim အား ယနေ့ နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော်ဧည့်ခန်းမဆောင်၌ လက်ခံ တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် မလေးရှား-မြန်မာ နှစ်နိုင်ငံအကြား လွှတ်တော်အချင်းချင်း၊ ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးနှင့် ASEAN Inter-Parliamentary Assembly (AIPA) နှင့် Inter-Parliamentary Union (IPU) တို့တွင် အတူတကွ ပူးပေါင်းဆောင်ရွက်မှု ပိုမိုမြှင့်တင်ရေး၊ မြန်မာ-မလေးရှား စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု တိုးတက်စေရေးအတွက် ပူးပေါင်းကြိုးပမ်း ဆောင်ရွက်ရေး၊ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာလုပ်ငန်းများ လုပ်ကိုင်နိုင်ရေးကိစ္စရပ်များနှင့် အလုပ်သမားရေးရာကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ နှင့်အတူ ြပည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိ သူများ တက်ရောက်ခဲ့ကြသည်။
၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၁၃ ရက်
