ပြည်သူ့လွှတ်တော်၊အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီနှင့် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ ဝန်ကြီးဌာန(၁၉)ဌာန၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့ရုံးတို့မှ ရုံးအဖွဲ့မှူးများနှင့်ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ

ပြည်သူ့လွှတ်တော်၊ အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေး ကော်မတီနှင့် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ ဝန်ကြီးဌာန (၁၉) ဌာန၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့ရုံးတို့မှ ရုံးအဖွဲ့မှူးများနှင့် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီ အချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-3) အစည်းအဝေး ခန်းမ၌ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ ဥက္ကဋ္ဌဒေါက်တာမေဝင်းမြင့်က အစိုးရအဖွဲ့၏ လုပ်ဆောင်မှုများ ရာနှုန်းပြည့်ပြီးစီးမှုကို လိုအပ်ပါက ကွင်းဆင်းလေ့လာဖို့ လိုအပ်ကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ဘဏ္ဍာငွေပေါ်မူတည်၍ လုပ်ပေးနိုင်ခြင်းရှိ၊ မရှိကို ပြတ်ပြတ်သားသား ပြောစေလိုကြောင်းဖြင့် အဖွင့်အမှာစကားပြောကြားသည်။

ယင်းနောက် ကော်မတီအတွင်းရေးမှူး ဦးဇုံးတိန့်က ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်မှ အဋ္ဌမပုံမှန်ထိ အစည်းအဝေးများတွင် အတည်ဖြစ်ခဲ့သည့် အဆိုများ၊ ကတိဖြစ်ခဲ့သော ကြယ်ပွင့်ပြ/ ကြယ်ပွင့်မပြ မေးခွန်းများနှင့် ပတ်သက်၍ စိစစ်ထားသည့် လုပ်ငန်းများဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ဝန်ကြီးဌာနများအနေဖြင့် တိကျရှင်းလင်းစွာ ဆွေးနွေးစေလိုကြောင်း ပြောကြား ခဲ့သည်။

ထို့နောက် ကော်မတီအဖွဲ့ဝင်များက ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်မှ အဋ္ဌမ ပုံမှန်ထိ အစည်းအဝေးများတွင် အတည်ပြုခဲ့သော အဆိုများ၊ ကတိဖြစ်ခဲ့သော ကြယ်ပွင့်ပြ/ ကြယ်ပွင့်မပြ မေးခွန်းများနှင့်စပ်လျဉ်း၍ ဆောင်ရွက်နေမှု၊ ဆောင်ရွက်ပြီးစီးမှု အခြေအနေများ၊ ဆက်လက်ဆောင်ရွက် ရန်ကျန်ရှိသော လုပ်ငန်းများနှင့် ပတ်သက်၍ ညှိနှိုင်းဆွေးနွေးပြီး သက်ဆိုင်ရာဝန်ကြီးဌာနများမှ ရှင်းလင်းတင်ပြခဲ့မှုအပေါ် ကော်မတီအဖွဲ့ဝင်များက ပြန်လည်သုံးသပ် ဆွေးနွေး ခဲ့ကြသည်။

ဆက်လက်၍ အစည်းအဝေးကို ၁၄-၉-၂၀၁၈ ရက်နေ့ မွန်းလွဲ ၂ နာရီတွင် ကျင်းပမည်ဖြစ် ကြောင်း သိရှိရသည်။

အဆိုပါ ဆွေးနွေးပွဲသို့ ကော်မတီဥက္ကဋ္ဌ ဒေါက်တာမေဝင်းမြင့် နှင့်ကော်မတီအဖွဲ့ဝင်များ၊  ပြည်ထောင်စု အဆင့်အဖွဲ့အစည်းများ၊ ဝန်ကြီးဌာန (၁၉) ဌာန၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့ရုံးတို့မှ ရုံးအဖွဲ့မှူးများ တက်ရောက်ခဲ့ကြသည်။

၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက်

 

Standard (Image)