ပြည်သူ့လွှတ်တော်၊ တိုင်းရင်းသားရေးရာနှင့် ပြည်တွင်း ငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီ ဥက္ကဋ္ဌ ဦးခွန်မောင်သောင်း ထွယ် (ဝင်းလက်) ဖောင်ဒေးရှင်း ကိုယ်စားလှယ်အဖွဲ့တို့အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်၊ တိုင်းရင်းသားရေးရာနှင့်ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီ     ဥက္ကဋ္ဌ ဦးခွန်မောင်သောင်းသည် ထွယ်(ဝင်းလက်) ဖောင်ဒေးရှင်းမှ ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့တို့အား ယနေ့ မွန်းလွဲ ၂ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အမှတ် (I-6) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် တိုင်းရင်းသားလူမျိုးရေးရာနှင့်စပ်လျဉ်း၍ တိုင်းရင်းသား လူမျိုးစုများ၏ အခေါ်အဝေါ်ပိုင်းဆိုင်ရာများ၊ တိုင်းရင်းသားရိုးရာ စာပေယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်ရေးနှင့် တိုင်းရင်းသား မျိုးနွယ်စုများ၏ လူမှုစီးပွားရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။ 

အဆိုပါဆွေးနွေးပွဲသို့  ကော်မတီဥက္ကဋ္ဌနှင့်အတူ အတွင်းရေးမှူး ဦးအင်ထုံးခါးနော်ဆမ်နှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက်

Standard (Image)