ပြည်သူ့လွှတ်တော်၊ ရင်းနှီးမြှုပ်နှံမှုနှင့် စက်မှုလက်မှု ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ အတွင်းရေးမှူး ဦးအောင်ကျော်ကျော်ဦး Brigth Peace Myanmar Infrastructure Investment & Development Co.,Ltd မှ တာဝန်ရှိပုဂ္ဂိုလ်များအား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်၊ ရင်းနှီးမြှုပ်နှံမှုနှင့် စက်မှုလက်မှုဖွံ့ဖြိုးတိုးတက်ရေးကော်မတီ အတွင်းရေးမှူး ဦးအောင်ကျော်ကျော်ဦးသည် Brigth Peace Myanmar Infrastructure Investment & Development Co.,Ltd မှ တာဝန်ရှိပုဂ္ဂိုလ်များအား ယနေ့ ညနေ ၄ နာရီ အချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-8) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံ လမ်းပန်းဆက်သွယ်မှု အဆင်ပြေချောမွေ့စေရန် အဝေးပြေးလမ်းမ တည်ဆောက်ခြင်းကဏ္ဍတွင် ရင်းနှီးမြှုပ်နှံလိုမှုနှင့်စပ်လျဉ်း၍  မူဆယ် - မန္တလေး - မကွေး - ပြည် - ရန်ကုန် - ပုသိမ် လမ်းအသစ်ဖောက်လုပ်ခြင်းနှင့် ပတ်သက်သည့် နည်းပညာ အချက်အလက်များအား တင်ပြ ဆွေးနွေးခဲ့ပါသည်။

အဆိုပါတွေ့ဆုံပွဲသို့ အတွင်းရေးမှူး ဦးအောင်ကျော်ကျော်ဦးနှင့်အတူ ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၁၂ ရက်

Standard (Image)