ပြည်သူ့လွှတ်တော်၊ ကျန်းမာရေးနှင့် အားကစားဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာစံရွှေဝင်းသည် မဟာမိတ်မြန်မာ (Alliance Myanmar) အဖွဲ့အား ယနေ့ မွန်းလွဲ ၃ နာရီ အချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-13) အစည်းအဝေး ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် မဟာမိတ်မြန်မာ (Alliance Myanmar) အဖွဲ့အနေဖြင့် HIV/AIDS ကူးစက်မှုလျှော့ချရေးကိစ္စရပ်နှင့် စပ်လျဉ်း၍ HIV/ AIDS ဝေဒနာခံစားနေရသူများအား ကျန်းမာရေးကာကွယ်စောင့်ရှောက်မှုများ ပိုမိုပေးနိုင်ရေး၊ တန်းတူ အခွင့်အရေးများရရှိနိုင်ရန်၊ အလုပ်အကိုင် အခွင့်အလမ်းများရရှိနိုင်ရန် စသည့်ကိစ္စရပ်များနှင့် ရင်ဆိုင်ရသည့်အခက်အခဲများ နှင့် ရှေ့ဆက်လုပ်ဆောင်ရမည့် လုပ်ငန်းများအား ရှင်းလင်း တင်ပြ ဆွေးနွေးခဲ့ပါသည်။
အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီ ဥက္ကဋ္ဌနှင့်အတူ အတွင်းရေးမှူး ဒေါက်တာသန်းဝင်းနှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၁၂ ရက်
