ပြည်သူ့လွှတ်တော်၊ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌ ဦးခင်မောင်ဝင်း မြန်မာနိုင်ငံ အိမ်၊ခြံ၊မြေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအသင်းအား လက်ခံတွေ့ဆုံ

 

ပြည်သူ့လွှတ်တော်၊ ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌ ဦးခင်မောင်ဝင်းသည် မြန်မာနိုင်ငံ အိမ်၊ခြံ၊မြေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအသင်းအား ယနေ့ မွန်းလွဲ ၂ နာရီ အချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-2) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် အိမ်၊ခြံ၊မြေ ဝန်ဆောင်မှုဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဆက်လက် ပြင်ဆင် ဖြည့်စွက်ရမည့် အချက်အလက်များဆိုင်ရာ ကိစ္စရပ်များနှင့်  အိမ်၊ခြံ၊မြေ ဝန်ဆောင်မှု လုပ်ငန်း၌ ကြုံတွေ့နေရသော အခက်အခဲများ၊ အတွေ့အကြုံများနှင့် သဘောထားများအား အကြံပြုတင်ပြ ဆွေးနွေးခဲ့ပါသည်။

အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီ ဥက္ကဋ္ဌနှင့်အတူ အတွင်းရေးမှူး ဦးကျော်စိုးလင်းနှင့် ကော်မတီ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၁၂ ရက်

Standard (Image)