ပြည်သူ့လွှတ်တော်၊ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ဦးတင်မောင်ဝင်း China Resources Development Group Co.,Ltd မှChairman Mr.Li Jianjun ဦးဆောင်သည့် အဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်၊ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ဦးတင်မောင်ဝင်း China Resources Development  Group Co.,Ltd China State Construction Co.,Ltd & Bright Peace Myanmar Infrastructure, Investment & Development Co.,Ltd တို့မှChairman Mr.Li Jianjun ဦးဆောင်သည့် အဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်၊ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ဦးတင်မောင်ဝင်းသည် China Resources Development Group Co.,Ltd China State Construction Co.,Ltd & Bright Peace Myanmar Infrastructure, Investment & Development Co.,Ltd တို့မှ Chairman Mr.Li Jianjun ဦးဆောင်သည့် အဖွဲ့အား ယနေ့ နေ့လည် နာရီ အချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-9) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် မန္တလေး - မူဆယ်လမ်းအား လေးလမ်းသွား လမ်းမအဖြစ် အဆင့်   မြှင့်တင်ရေး၊ ရန်ကုန် - မအူပင် - ပုသိမ် ကားလမ်းပိုင်းအား အဆင့်မြှင့်တင်ရေးတို့နှင့် စပ်လျဉ်း၍ နည်းပညာ အချက်အလက်များ၊ မြန်မာနိုင်ငံ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေး ကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်နိုင်ရေးစသည့် ကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ တင်ပြ ဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီ ဥက္ကဋ္ဌနှင့်အတူ ကော်မတီ အတွင်းရေးမှူး ဦးနေဖူးဗဆွေနှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်

 

 

Standard (Image)