ပြည်သူ့လွှတ်တော်၊ ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌ ဦးခင်မောင်ဝင်း ရန်ကုန် နိုင်ငံရေးသိပ္ပံ ကျောင်းအဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်၊ ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌ ဦးခင်မောင်ဝင်းသည် ရန်ကုန် နိုင်ငံရေး သိပ္ပံ ကျောင်းအဖွဲ့အား ယနေ့ မွန်းလွဲ နာရီ အချိန်တွင် နေပြည်တော်ရှိ လွှတ်တော် ရေးရာဆောင် အဆောင်အမှတ်    (I-2) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် ရန်ကုန် နိုင်ငံရေးသိပ္ပံ ကျောင်းအဖွဲ့မှ ကုန်အမှတ်တံဆိပ် မူပိုင်ခွင့် ဥပဒေကြမ်းအား ပြင်ဆင်၊ ဖြည့်စွက်သင့်သော အချက်အလက်များနှင့် စပ်လျဉ်း၍ တင်ပြဆွေးနွေး ခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌ၊ အတွင်းရေးမှူး ဦးကျော်စိုးလင်းနှင့် ကော်မတီ အဖွဲ့ဝင်များ၊ စီးပွားရေးနှင့် ဘဏ္ဍာရေး ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီမှ ကော်မတီ အဖွဲ့ဝင်များ  တက်ရောက်ခဲ့ကြသည်။

၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်

Standard (Image)