ပြည်သူ့လွှတ်တော်၊ လျှပ်စစ်နှင့်စွမ်းအင် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကြည်မိုးနိုင်သည် Power China Kunming Engineering Corporation (KHIDI) Co,.Ltd အဖွဲ့အား ယနေ့မွန်းလွဲ ၂ နာရီခွဲ အချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-8) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် Power China Kunming Engineering Corporation (KHIDI) Co,.Ltd မှ ရင်းနှီးမြှုပ်နှံထားသည့် ရေအားလျှပ်စစ်စီမံကိန်းများအား ဆောင်ရွက်ပြီးစီးမှုများနှင့် အတွေ့အကြုံများအား ရှင်းလင်းပြောကြားပြီး မြန်မာနိုင်ငံတွင် MOU လက်မှတ်ထိုး၍ ရင်းနှီးမြှုပ်နှံ လိုသော ရေအားလျှပ်စစ်စီမံကိန်းများနှင့်စပ်လျဉ်း၍ ဖြစ်မြောက်နိုင်စွမ်း အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်လိုသည့် စီမံကိန်းလုပ်ငန်းများကို ရင်းနှီးပွင့်လင်းစွာ တင်ပြ ဆွေးနွေးခဲ့ သည်။
အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီဥက္ကဋ္ဌနှင့်အတူ အတွင်းရေးမှူး ဦးစိုးမြင့်(ခ) ဦးအောင်ဇော်မြင့် နှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၁၀ ရက်
