ပြည်သူ့လွှတ်တော်၊ ရင်းနှီးမြှုပ်နှံမှုနှင့် စက်မှုလက်မှုဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဝင်းသိန်းဇော် HEINEKEN Myanmar Co.,Ltd အဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်၊ ရင်းနှီးမြှုပ်နှံမှုနှင့် စက်မှုလက်မှုဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဝင်းသိန်းဇော်သည် HEINEKEN Myanmar Co.,Ltd အဖွဲ့အား ယနေ့ မွန်းလွဲ ၃ နာရီခွဲ အချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-8) အစည်းအဝေးခန်းမ၌ လက်ခံ တွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် HEINEKEN Myanmar Co.,Ltd မှ လက်ရှိကျင့်သုံးနေသော အခွန်စနစ်၊ တားမြစ်ချက်များ၊ တရားမဝင်ထုတ်လုပ်ရောင်းချမှုများ တားဆီးထိန်းချုပ်မှုဆိုင်ရာ ကိစ္စရပ်များနှင့် ထုတ်လုပ်သူများ၏ ကြုံတွေ့နေရသော စိန်ခေါ်မှုများ၊ အခက်အခဲများ နှင့်စပ်လျဉ်း၍ တင်ပြဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီဥက္ကဋ္ဌနှင့်အတူ အတွင်းရေးမှူး ဦးအောင်ကျော်ကျော်ဦးနှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

 

၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၆  ရက်

Standard (Image)