ပြည်သူ့လွှတ်တော်၊ ရင်းနှီးမြှုပ်နှံမှုနှင့် စက်မှုလက်မှု ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးဝင်းသိန်းဇော် ဥရောပကုန်သည် ကြီးများအသင်း၏ ဒုတိယ ညွှန်ကြားရေးမှူး Mr. Marc de la Fouchardiere နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ

 

ပြည်သူ့လွှတ်တော်၊ ရင်းနှီးမြှုပ်နှံမှုနှင့် စက်မှုလက်မှု ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးဝင်းသိန်းဇော်သည် ဥရောပကုန်သည်ကြီးများ အသင်း၏ ဒုတိယ ညွှန်ကြားရေးမှူး Mr. Marc de la Fouchardiere နှင့်အဖွဲ့အား ယနေ့ မွန်းလွဲ ၂ နာရီ အချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-8) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် ဥရောပကုန်သည်ကြီးများအသင်း၏ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အကြံပြုချက်များနှင့် စပ်လျဉ်း၍ ဉာဏပစ္စည်းဥစ္စာ မူပိုင်ခွင့်၊ အခြေခံ အဆောက်အအုံ လိုအပ်ချက်များနှင့် လူ့စွမ်းအားအရင်းအမြစ်ဆိုင်ရာ ကိစ္စရပ်များ၊ မြန်မာနိုင်ငံတွင် ကြုံတွေ့နေရသော စိန်ခေါ်မှုများ၊ အခက်အခဲများနှင့် တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးဆိုင်ရာ ကိစ္စရပ်များအား  ရင်းနှီးပွင့်လင်းစွာ တင်ပြဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီဥက္ကဋ္ဌ ဦးဝင်းသိန်းဇော်နှင့်အတူ အတွင်းရေးမှူး ဦးအောင်ကျော်ကျော်ဦး နှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၄ ရက်

Standard (Image)