ပြည်သူ့လွှတ်တော်၊ လျှပ်စစ်နှင့်စွမ်းအင် ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးကြည်မိုးနိုင် Asia Square Power Group Co.,Ltd အဖွဲ့အား လက်ခံတွေ့ဆုံ

ပည်သူ့လွှတ်တော်၊ လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ ဦးကြည်မိုးနိုင်သည် Asia Square Power Group Co.,Ltd အဖွဲ့အား ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-8) အစည်းအဝေးခန်းမ၌ လက်ခံ တွေ့ဆုံသည်။

တွေ့ဆုံစဉ် Asia Square Power Group Co.,Ltd အနေဖြင့် နိုင်ငံတော်လျှပ်စစ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မဟာဓါတ်အားလိုင်းများ၊ဓါတ်အားခွဲရုံများ တည်ဆောက်ခြင်းနှင့်  စပ်လျဉ်း၍  လျှပ်စစ်ဓါတ်အား ထုတ်လုပ်မှု၊ သိုလှောင်မှု၊ ဖြန့်ဖြူးမှု စသည့် နည်းစနစ်များနှင့် လုပ်ငန်းအတွေ့အကြုံများရှင်းလင်းပြီး Solar Power Project များ၊ GIS Substation များ တည်ဆောက်ခြင်း နှင့်ပတ်သက်ပြီး ရင်းနှီးပွင့်လင်းစွာ တင်ပြဆွေးနွေးခဲ့ပါသည်။

အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီ ဥက္ကဋ္ဌနှင့်အတူ ကော်မတအတွင်းရေးမှူး ဦးစိုးမြင့် (ခ) ဦးအောင်ဇော်မြင့်နှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၂၃ ရက်

Standard (Image)