ပြည်သူ့လွှတ်တော်၊ လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ ဦးကြည်မိုးနိုင်သည် Myanmar Machinery Manufacturing Co.,Ltd အဖွဲ့အား ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-8) အစည်းအဝေးခန်းမ၌ လက်ခံ တွေ့ဆုံသည်။
တွေ့ဆုံစဉ် Ever Digital Meter ဖြင့် Advanced Metering Infrastructure (AMI) နည်းပညာကိုအသုံးပြု၍ ဓာတ်အားပျောက်ဆုံးမှုလျော့နည်းစေရန် ဆောင်ရွက်နိုင်မှုအခြေအနေ များကို ရှင်းလင်းတင်ပြကာ အဆိုပါနည်းပညာအား တိုးချဲ့အသုံးပြုပြီး နိုင်ငံတော်၏လျှပ်စစ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ တင်ပြဆွေးနွေးခဲ့ ပါသည်။
အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီ ဥက္ကဋ္ဌနှင့်အတူ ကော်မတီအတွင်းရေးမှူး ဦးစိုးမြင့် (ခ) ဦးအောင်ဇော်မြင့်နှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၂၀ ရက်
