ပြည်သူ့လွှတ်တော်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးလက်လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးရန်လင်း Solarises System Co., Ltd အဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးလက်လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးရန်လင်းသည် Solarises System Co., Ltd အဖွဲ့အား ယနေ့ မွန်းလွဲ ၂  နာရီ အချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-10) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် Solarises System Co., Ltd မှ လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးရေး၌ ဆိုလာစနစ်အသုံးပြု၍ လျှပ်စစ်ဓါတ်အား ထုတ်လုပ်သည့်စနစ်အား ပိုမိုကျယ်ပြန့်စွာ ဆောင်ရွက် နိုင်ရေးနှင့်စပ်လျဉ်းပြီး  ကျေးလက်ဒေသများတွင် ဆိုလာစနစ်အသုံးပြု၍ လျှပ်စစ်ဓါတ်အား ထုတ်လုပ်မှုများ၊ ရေသန့်ထုတ်လုပ်မှု၊ လယ်ယာရေတင်မှုများ၊ ဆောင်ရွက်နေဆဲ အခြေအနေများ အား ရင်းနှီးပွင့်လင်းစွာ တင်ပြ ဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးလက်လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌနှင့်အတူ ကော်မတီအတွင်းရေးမှူး ဦးမောင်မောင်ဦး နှင့် ကော်မတီအဖွဲ့ဝင်များ၊ လျှပ်စစ်နှင့်စွမ်းအင် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ အတွင်းရေးမှူး ဦးအောင်ဇော်မြင့်(ခ)ဦးစိုးမြင့်နှင့် အဖွဲ့ဝင်များ၊ ပညာရေးမြှင့်တင်မှုကော်မတီ အတွင်းရေးမှူး ဦးခမ်ခန့်ထန်နှင့်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၁၆ ရက်

 

 

Standard (Image)