ပြည်သူ့လွှတ်တော်၊ ဘဏ်များနှင့် ငွေကြေးဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးကော်မတီ အတွင်းရေးမှူး ဦးတင်ထွန်းနိုင် ဂျာမနီအခြေစိုက် GIZ အဖွဲ့အစည်းအား လက်ခံတွေ့ဆုံ

 ပြည်သူ့လွှတ်တော်၊ ဘဏ်များနှင့် ငွေကြေးဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးကော်မတီ အတွင်းရေးမှူး ဦးတင်ထွန်းနိုင်သည် ဂျာမနီအခြေစိုက် GIZ အဖွဲ့အစည်းအား ယနေ့ မွန်းလွဲ ၂ နာရီခွဲ အချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာ အဆောင်အမှတ် (I-7) အစည်းအဝေး ခန်းမ၌ လက်ခံတွေ့ဆုံသည်။

 ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံ ဘဏ်လုပ်ငန်းနှင့် ဘဏ္ဍာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆောင်ရွက်လျက်ရှိသော ကိစ္စရပ်များနှင့် စပ်လျဉ်း၍   ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုး တိုးတက်ရေးကော်မတီနှင့် နှစ်ဖက်ပူးပေါင်းဆောင်ရွက်ရေးနှင့်ပတ်သက်ပြီး ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး ခဲ့ကြသည်။

ဆိုပါတွေ့ဆုံပွဲသို့ ကော်မတီအတွင်းရေးမှူး ဦးတင်ထွန်းနိုင်နှင့်အတူ ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

၂၀၁၈ ခုနှစ်၊ သြဂုတ်လ  ၁၆  ရက်

 

 

 

Standard (Image)