ပြည်သူ့လွှတ်တော်ကို ကိန်းဂဏန်းအခြေပြုချဉ်းကပ်ခြင်း သုတေသနစာတမ်းအမှတ် ( ၅ )
(ဒုတိယအကြိမ်၊ ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေးတွင်မေးခွန်းများ၊ အဆိုများနှင့်ဥပဒေပြုမှုများလေ့လာချက်)
အဋ္ဌမပုံမှန်အစည်းအဝေး ( ၁၄.၅.၂၀၁၈ မှ ၂၀.၆.၂၀၁၈ ) ထိ
ပြည်သူ့လွှတ်တော်ကို ကိန်းဂဏန်းအခြေပြုချဉ်းကပ်ခြင်း သုတေသနစာတမ်းတို
နိဒါန်း
၁။ လွှတ်တော်သည် နိုင်ငံတစ်နိုင်ငံ၏ ဥပဒေပြုအာဏာရှိသော အဖွဲ့အစည်းဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ ယနေ့ဥပဒေပြုရေးမဏ္ဍိုင်တွင် ပြည်သူ့လွှတ်တော်၏ အခန်းကဏ္ဍသည်လည်း တစ်ထောင့်တစ်နေရာမှ ပါဝင်နေပါသည်။ ပြည်သူ့လွှတ်တော်ရုံး၏ သုတေသနအစီရင်ခံစာ စာတမ်း သည် ဒုတိယအကြိမ်၊ ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေးတွင် မေးခွန်းမေးမြန်းမှု၊ အဆို တင်သွင်းမှုနှင့် ဥပဒေပြုမှုအခြေအနေများကို သုတေသနပြု၍ လေ့လာပြုစုတင်ပြခြင်းဖြစ်ပါ သည်။
ရည်ရွယ်ချက်
၂။ ပြည်သူ့လွှတ်တော်၏ လုပ်ငန်းဆောင်ရွက်ချက် အဆင့်ဆင့်များအား သိရှိနားလည်စေရန် နှင့် မေးခွန်းမေးမြန်းမှု၊ အဆိုတင်သွင်းမှုနှင့် ဥပဒေပြုမှုတို့ကို ထိရောက်စွာဆောင်ရွက်နိုင်ခြင်း ရှိ/မရှိ တိုင်းတာနိုင်မည့် အကျိုးရလဒ်များ ထွက်ပေါ်လာမည်ဖြစ်သည်။ ပြည်သူ့လွှတ်တော်နှင့် စပ်လျဉ်းသည့် သတင်းအချက်အလက်များကို လွယ်ကူစွာရှာဖွေမှီငြမ်းနိုင်ရန်အတွက် ကိန်းဂဏန်း များနှင့် ရည်ညွှန်းကိန်းများကို သုတေသနစာတမ်းတိုအဖြစ် ပြုစုတင်ပြခြင်းဖြစ်ပါသည်။
ဒုတိယအကြိမ်၊ ပြည်သူ့လွှတ်တော်အဋ္ဌမပုံမှန်အစည်းအဝေးတွင် မေးမြန်းတင်သွင်းခဲ့သော ကြယ်ပွင့်ပြနှုတ်ဖြေမေးခွန်းများကိုလေ့လာခြင်း
၃။ အဋ္ဌမပုံမှန်အစည်းအဝေးကို၂၀၁၈ ခုနှစ်၊ မေလ (၁၄) ရက်နေ့မှ ၂၀၁၈ ခုနှစ်၊ ဇွန်လ (၂၀) ရက်နေ့ထိ (၁၈) ရက် ကျင်းပခဲ့ပါသည်။ အဋ္ဌမပုံမှန်အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်းပေါင်း (၁၀၉) ခု မေးမြန်းခဲ့သည့်အတွက် ပျမ်းမျှအားဖြင့် တစ်ရက်လျှင်မေးခွန်း ( ၆ )ခု မေးမြန်းခဲ့ခြင်း ဖြစ်ပါသည်။
အဋ္ဌမပုံမှန်အစည်းအဝေးတွင် ကြယ်ပွင့်ပြနှုတ်ဖြေမေးခွန်းများအား နှိုင်းယှဉ်လေ့လာမှုများ
၄။ “အဋ္ဌမပုံမှန်အစည်းအဝေး”တွင် ကြယ်ပွင့်ပြနှုတ်ဖြေမေးခွန်းများအား နှိုင်းယှဉ်လေ့လာမှု များတွင် မေးခွန်းရှင် လွှတ်တော်ကိုယ်စားလှယ်များ၏ ကျား/မ အလိုက်ခွဲခြားလေ့လာခြင်း၊ ကိုယ်စားပြုနိုင်ငံရေးပါတီကိုလေ့လာခြင်း၊ တိုင်းဒေသကြီး/ ပြည်နယ်ဒေသအလိုက် လေ့လာခြင်း၊ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ အလိုက်ဖြေကြားခဲ့သည့် ကြယ်ပွင့်ပြမေးခွန်းအရေအတွက် လေ့လာခြင်းများကို သုတေသနပြုလုပ်၍ လေ့လာထားပါသည်။
အဋ္ဌမပုံမှန်အစည်းအဝေးတွင်မေးခွန်းများဆောင်ရွက်ပြီးစီးမှုအခြေအနေ
၅။ အဋ္ဌမပုံမှန်အစည်းအဝေးတွင်မေးခွန်းများဆောင်ရွက်ပြီးစီးမှုအခြေအနေပြဇယား -
အဋ္ဌမပုံမှန်အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်းများကို မေးမြန်းခဲ့သည့် “ကျား/မ ကိုယ်စားလှယ်ဦးရေ” စာရင်း
၆။ အဋ္ဌမပုံမှန်အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်းများကို မေးမြန်းခဲ့သည့်“ကျား/မ ကိုယ်စားလှယ်ဦးရေ” စာရင်းများအား နှိုင်းယှဉ်ပြဇယား-
အဋ္ဌမပုံမှန်အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်းများ မေးမြန်းခဲ့သည့် အမျိုးသမီးကိုယ်စားလှယ်ဦးရေ
၇။ အဋ္ဌမပုံမှန်အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်းများ မေးမြန်းခဲ့သည့် အမျိုးသမီး ကိုယ်စားလှယ် (၁၄) ဦးက မေးခွန်း (၁၉) ခု မေးမြန်းခဲ့သည်ကို ဖော်ပြပါဇယားတွင် တင်ပြထားပါသည်-
အဋ္ဌမပုံမှန်အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်းများမေးမြန်းခဲ့သည့် အမျိုးသားကိုယ်စားလှယ်ဦးရေ-
၈။ အဋ္ဌမပုံမှန်အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်းများ မေးမြန်းခဲ့သည့် အမျိုးသားကိုယ်စားလှယ် (၆၄) ဦးက မေးခွန်း (၉၀) ခုမေးမြန်းခဲ့သည်ကို ဖော်ပြပါဇယားတွင် တင်ပြထားပါသည်-
အဋ္ဌမပုံမှန်အစည်းအဝေးတွင် မေးမြန်းဖြေကြားခဲ့သည့် ကြယ်ပွင့်ပြ “မေးခွန်းအရေအတွက်ကို ကျား/မ”အလိုက်ခွဲခြားလေ့လာခြင်း
၉။ အဋ္ဌမပုံမှန်အစည်းအဝေးတွင် မေးမြန်းဖြေကြားခဲ့သည့် ကြယ်ပွင့်ပြ “မေးခွန်းအရေအတွက်ကို ကျား/မ”အလိုက်ခွဲခြားလေ့လာ၍ ဇယားဖြင့်တင်ပြထားပါသည်-
၁၀။ အဋ္ဌမပုံမှန်အစည်းအဝေးတွင် မေးမြန်းခဲ့သည့်မေးခွန်းပေါင်း (၁၀၉) ခုအနက် အမျိုးသား ကိုယ်စားလှယ်များမှ မေးခွန်း (၉၀) ခုနှင့် အမျိုးသမီးကိုယ်စားလှယ်များမှမေးခွန်း (၁၉) ခုမေးမြန်းခဲ့ပါသည်။
အမျိုးသားကိုယ်စားလှယ်များသည် မေးခွန်းအားလုံး၏ (၈၂.၅၇%) ကို မေးမြန်းခဲ့ ကြခြင်းဖြစ်ပြီး အမျိုးသမီးကိုယ်စားလှယ်များသည် မေးခွန်းအားလုံး၏ (၁၇.၄၃%) ကို မေးမြန်း နိုင်ခဲ့ကြောင်း တွေ့ရှိရပါသည်။
ဒုတိယအကြိမ်၊ ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေးမှ အဋ္ဌမပုံမှန်အစည်းအဝေးထိ မေးခွန်းများ ဆောင်ရွက်ပြီးစီးမှုအခြေအနေ
၁၁။ ပထမပုံမှန်အစည်းအဝေးမှ အဋ္ဌမပုံမှန်အစည်းအဝေးထိ မေးခွန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေမှာ -
အဋ္ဌမပုံမှန်အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်းမေးမြန်းသော လွှတ်တော်ကိုယ်စားလှယ်များ၏ “ကိုယ်စားပြုနိုင်ငံရေးပါတီ” ကိုလေ့လာခြင်း
၁၂။ ကြယ်ပွင့်ပြမေးခွန်းမေးမြန်းသော လွှတ်တော်ကိုယ်စားလှယ်များ၏ “ကိုယ်စားပြုနိုင်ငံရေး ပါတီ” များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
၁၃။ အဋ္ဌမပုံမှန်အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်းမေးမြန်းခဲ့သော “ကိုယ်စားပြုနိုင်ငံရေးပါတီ” များအလိုက်မေးခွန်းများကို အများဆုံးမေးမြန်းသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ မေးခွန်းစုစုပေါင်း ၏ (၇၄.၃၆%) မေးမြန်းခဲ့ပါသည်။ ဒုတိယအများဆုံး မေးမြန်းခဲ့သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ မေးခွန်းစုစုပေါင်း၏ (၁၀.၂၅%) ဖြစ်ပြီး တတိယအများဆုံးမေးမြန်းခဲ့သည့် ရခိုင်အမျိုးသားပါတီမှ မေးခွန်းစုစုပေါင်း၏ (၈.၉၈%) ကို မေးမြန်းခဲ့ပါသည်။
အဋ္ဌမပုံမှန်အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်းမေးမြန်းသော လွှတ်တော်ကိုယ်စားလှယ်များ ၏ “ကိုယ်စားပြုနိုင်ငံရေးပါတီ” များအခြေအနေပြပုံ-
အဋ္ဌမပုံမှန်အစည်းအဝေးတွင်“တိုင်းဒေသကြီး/ပြည်နယ် ” ဒေသအလိုက် မေးခွန်းမေးမြန်းမှုအခြေအနေပြ
၁၄။ အဋ္ဌမပုံမှန်အစည်းအဝေးတွင် “တိုင်းဒေသကြီး/ပြည်နယ်”ဒေသအလိုက် မေးခွန်းမေးမြန်း မှုအခြေအနေပြဇယား -
၁၅။ အဋ္ဌမပုံမှန်အစည်းအဝေးတွင်ကြယ်ပွင့်ပြ မေးခွန်းမေးမြန်းခဲ့သော တိုင်းဒေသကြီး/ပြည်နယ် ဒေသအလိုက် မေးခွန်းများကို အများဆုံးမေးမြန်းခဲ့သည့် စစ်ကိုင်းတိုင်းမှ မေးခွန်းစုစုပေါင်း၏ (၁၉.၂၄%) မေးမြန်းခဲ့ပါသည်။ ဒုတိယအများဆုံး မေးမြန်းခဲ့သည့် ရန်ကုန်တိုင်း/ မကွေးတိုင်း/ ရှမ်းပြည်နယ်တို့မှ မေးခွန်းစုစုပေါင်း၏ (၁၄.၁၀%) ဖြစ်ပြီး တတိယအများဆုံး မေးမြန်းခဲ့သည့် ရခိုင်ပြည်နယ် မေးခွန်းစုစုပေါင်း၏ (၁၁.၅၄ %) ကို မေးမြန်းခဲ့ပါသည်။
အဋ္ဌမပုံမှန်အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်းမေးမြန်းသော လွှတ်တော်ကိုယ်စားလှယ်များ၏ “တိုင်းရင်းသားအလိုက်”မေးခွန်းမေးမြန်းမှု
၁၆။ အဋ္ဌမပုံမှန်အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်းမေးမြန်းသော လွှတ်တော်ကိုယ်စားလှယ်များ၏ “တိုင်းရင်းသားအလိုက်”မေးခွန်းမေးမြန်းမှု အခြေအနေပြဇယား -
၁၈။ အဋ္ဌမပုံမှန်အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်းမေးမြန်းသောစ လွှတ်တော်ကိုယ်စားလှယ်များ၏ “တိုင်းရင်းသားအလိုက်” မေးခွန်းမေးမြန်းမှု အခြေအနေပြပုံ (ရာခိုင်နှုန်းဖြင့် ဖော်ပြ ထားခြင်း)-
အဋ္ဌမပုံမှန်အစည်းအဝေးတွင် “ပြည်ထောင်စုအဆင့်အဖွဲ့အစည်းအလိုက်ဖြေဆိုမှု” ကြယ်ပွင့်ပြ မေးခွန်းအရေအတွက် လေ့လာခြင်း
၁၉။ အဋ္ဌမပုံမှန်အစည်းအဝေးတွင်“ပြည်ထောင်စုအဆင့်အဖွဲ့အစည်းအလိုက်ဖြေဆိုမှု” ကြယ်ပွင့်ပြ မေးခွန်းအရေအတွက် လေ့လာခြင်းဇယား-
၂၀။ အဋ္ဌမပုံမှန်အစည်းအဝေးတွင်မေးမြန်းခဲ့သော မေးခွန်းများကို လွှတ်တော်သို့လာရောက် ဖြေကြားပေးခဲ့သည့် ဝန်ကြီးဌာနများအနက် အများဆုံးဖြေကြားပေးသည့် စိုက်ပျိုးရေး၊ မွေးမြူရေး နှင့်ဆည်မြောင်းဝန်ကြီးဌာနမှ မေးခွန်းစုစုပေါင်း၏ ( ၁၉.၂၇%) လာရောက်ဖြေကြားခဲ့ပါသည်။ ဒုတိယအများဆုံး ဖြေကြားပေးသည့် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ မေးခွန်းစုစုပေါင်း၏ (၁၇.၄၃%) ဖြစ်ပြီး တတိယအများဆုံး ဖြေကြားပေးသည့် ပညာရေးဝန်ကြီးဌာနမှ မေးခွန်းစုစုပေါင်း၏(၁၁%) ကို လာရောက်ဖြေကြားခဲ့ပါသည်။
အဆိုများကို လေ့လာခြင်း
၂၁။ အဋ္ဌမပုံမှန်အစည်းအဝေးကို ၂၀၁၈ခုနှစ်၊ မေလ (၁၄) ရက် မှ ၂၀၁၈ ခုနှစ်၊ ဇွန်လ (၂၀) ရက်နေ့ထိ ရက်ပေါင်း (၁၈) ရက် ကျင်းပခဲ့ပြီး အတည်ပြုအဆို (ရိုးရိုး) (၄) ခု၊ မှတ်တမ်းတင်(ရိုးရိုး) အဆို (၃)ခု၊ အတည်မပြု (အရေးကြီး) (၁) ခုနှင့် ဆက်လက်ဆွေးနွေးရန် မသင့်/မရှိ (ရိုးရိုး) (၁) ခု တို့အား ဆောင်ရွက်နိုင်ခဲ့ကြပါသည်။
၂၂။ အဋ္ဌမပုံမှန်အစည်းအဝေးတွင် အဆိုများဆောင်ရွက်ပြီးစီးမှု အခြေအနေပြဇယား -
အဋ္ဌမပုံမှန်အစည်းအဝေးတွင် အဆိုတင်သွင်းခဲ့သည့် အဆိုအရေအတွက်နှင့် ရက်အလိုက် ပျမ်းမျှ အဆိုအရေအတွက် နှိုင်းယှဉ်ချက်
၂၃။ အဋ္ဌမပုံမှန်အစည်းအဝေးတွင် အဆိုတင်သွင်းခဲ့သည့် အဆိုအရေအတွက်နှင့် ရက်အလိုက် ပျမ်းမျှအဆိုအရေအတွက် နှိုင်းယှဉ်ချက်များမှာ-
၂၄။ အဋ္ဌမပုံမှန်အစည်းအဝေးတွင် အတည်ပြု/မှတ်တမ်းတင်အဆိုပေါင်း (၇) ခု၊ အတည်မပြု အဆို (အရေးကြီး) (၁) ခုနှင့် လက်ခံဆွေးနွေးရန်မရှိ(ရိုးရိုး) (၁) ခု တင်သွင်းခဲ့ပြီး အစည်းအဝေး ရက်ပေါင်း (၁၈) ရက် ရှိသည့်အတွက် အစည်းအဝေး (၂) ရက်တွင် အဆို (၁) ခုနှုန်း တင်သွင်းခဲ့ ခြင်းဖြစ်ကြောင်း တွေ့ရသည်။
အဋ္ဌမပုံမှန်အစည်းအဝေးတွင် “အတည်ပြုအဆို” ဆွေးနွေးသော လွှတ်တော်ကိုယ်စားလှယ်များ
၂၅။ အဋ္ဌမပုံမှန်အစည်းအဝေးတွင် “အတည်ပြုအဆို” ဆွေးနွေးသောလွှတ်တော်ကိုယ်စားလှယ် များမှာ အောက်ပါအတိုင်းဖြစ်ပါသည် -
အဋ္ဌမပုံမှန်အစည်းအဝေးတွင် “အတည်ပြုအဆို”များ-
အဋ္ဌမပုံမှန်အစည်းအဝေးတွင် “မှတ်တမ်းတင်အဆို” ဆွေးနွေးသော လွှတ်တော်ကိုယ်စားလှယ်များ
၂၆။ အဋ္ဌမပုံမှန်အစည်းအဝေးတွင် “မှတ်တမ်းတင်အဆို” ဆွေးနွေးသော လွှတ်တော် ကိုယ်စားလှယ်များမှာ အောက်ပါအတိုင်းဖြစ်ပါသည် -
အဋ္ဌမပုံမှန်အစည်းအဝေးတွင် “မှတ်တမ်းတင်အဆို”များ
အဋ္ဌမပုံမှန်အစည်းအဝေးတွင် “အတည်မပြုအဆိုများ” ဆွေးနွေးသော လွှတ်တော်ကိုယ်စားလှယ်မျာ:
၂၇။ အဋ္ဌမပုံမှန်အစည်းအဝေးတွင် “အတည်မပြုအဆို”များ-
အဋ္ဌမပုံမှန်အစည်းအဝေးတွင် အတည်မပြုအဆိုများ-
ဒုတိယအကြိမ်၊ ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေးသို့ တင်သွင်းသည့် လက်ခံဆွေးနွေးရန် မသင့်အဆို
၂၈။ အဋ္ဌမပုံမှန်အစည်းအဝေးသို့ တင်သွင်းသည့် လက်ခံဆွေးနွေးရန်မသင့်အဆို-
အဋ္ဌမပုံမှန်အစည်းအဝေးသို့ တင်သွင်းသည့် လက်ခံဆွေးနွေးရန်မသင့်အဆို-
အဋ္ဌမပုံမှန်အစည်းအဝေးတွင် အဆိုတင်သွင်းဆွေးနွေးမှုများအား နှိုင်းယှဉ်လေ့လာခြင်း
၂၉။ အဋ္ဌမပုံမှန်အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ်များ၏ အဆိုတင်သွင်းဆွေးနွေးမှု များကို လေ့လာရာတွင်လွှတ်တော်ကိုယ်စားလှယ်များ၏ တိုင်းရင်းသားဖြစ်မှုကို လေ့လာခြင်း၊ ကိုယ်စားပြုနိုင်ငံရေးပါတီကိုလေ့လာခြင်း၊ တိုင်းဒေသကြီး/ပြည်နယ်ဒေသအလိုက် လေ့လာခြင်း အမျိုးအစားများကို လေ့လာပြုစုတင်ပြပါသည်။
အဋ္ဌမပုံမှန်အစည်းအဝေးတွင် အဆိုတင်သွင်းဆွေးနွေးသော လွှတ်တော်ကိုယ်စားလှယ်များ၏ “တိုင်းရင်းသားဖြစ်မှု”ကိုလေ့လာခြင်း
၃၀။ အဋ္ဌမပုံမှန်အစည်းအဝေးတွင် အဆိုတင်သွင်းဆွေးနွေးခဲ့သော တိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ်များမှာ ဗမာတိုင်းရင်းသား (၇၅.၆၄%)၊ ရခိုင်တိုင်းရင်းသား (၁၁.၅၄%) ၊ ရှမ်း တိုင်းရင်းသား (၇.၇၀%)၊ ချင်းတိုင်းရင်းသား (၁.၂၈%) ၊ ကရင်တိုင်းရင်းသား (၁.၂၈%)၊ ကယား တိုင်းရင်းသား (၁.၂၈%) မွန်တိုင်းရင်းသား (၁.၂၈%) အဆိုတင်သွင်းခဲ့ပါသည်။
၃၁။ အဋ္ဌမပုံမှန်အစည်းအဝေးတွင် အဆိုတင်သွင်းဆွေးနွေးခဲ့သော လွှတ်တော်ကိုယ်စားလှယ် များ၏“ တိုင်းရင်းသားအလိုက်”အဆိုတင်သွင်းမှုဇယား -
၃၂။ အဋ္ဌမပုံမှန်အစည်းအဝေးတွင် အဆိုတင်သွင်းဆွေးနွေးခဲ့သော လွှတ်တော်ကိုယ်စားလှယ်များ ၏“တိုင်းရင်းသားအလိုက်” အဆိုတင်သွင်းမှု အများဆုံးအဆိုတင်သွင်းသည့် “ဗမာ” တိုင်းရင်းသား မှ အဆိုစုစုပေါင်း၏ (၇၅.၆၄%) ကို အဆိုတင်သွင်းခဲ့ပါသည်။ ဒုတိယအများဆုံး အဆိုတင်သွင်း သည့် “ရခိုင်” တိုင်းရင်းသားမှ အဆိုစုစုပေါင်း၏ (၁၁.၅၄%) ဖြစ်ပြီး တတိယအများဆုံး အဆို တင်သွင်းသည့် “ရှမ်း”တိုင်းရင်းသားမှ အဆိုစုစုပေါင်း၏ (၇.၇၀%) အဆိုတင်သွင်းခဲ့ပါသည်။
လွှတ်တော်ကိုယ်စားလှယ်များ၏ “တိုင်းရင်းသားအလိုက်” အဆိုတင်သွင်းမှုပုံ (ရာခိုင်နှုန်းဖြင့် ဖော်ပြခြင်း)-
အဋ္ဌမပုံမှန်အစည်းအဝေးတွင် အဆိုတင်သွင်းဆွေးနွေးသော လွှတ်တော်ကိုယ်စားလှယ်များ၏ “ကိုယ်စားပြုနိုင်ငံရေးပါတီ” ကိုလေ့လာခြင်း
၃၃။ အဋ္ဌမပုံမှန်အစည်းအဝေး အဆိုတင်သွင်းဆွေးနွေးသော လွှတ်တော်ကိုယ်စားလှယ်များ၏ “ကိုယ်စားပြုနိုင်ငံရေးပါတီ”များမှာ -
၃၄။ အဋ္ဌမပုံမှန်အစည်းအဝေးတွင် အဆိုတင်သွင်းဆွေးနွေးခဲ့သော “ကိုယ်စားပြုနိုင်ငံရေးပါတီ” အဆိုတင်သွင်းမှု အများဆုံးအဆိုတင်သွင်းသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အဆိုစုစုပေါင်း၏ (၆၆.၆၇%) ကို အဆိုတင်သွင်းခဲ့ပါသည်။ ဒုတိယအများဆုံး အဆိုတင်သွင်းသည့် တပ်မတော်သားကိုယ်စားလှယ်မှ အဆိုစုစုပေါင်း၏ (၁၂.၈၂%) ဖြစ်ပြီး တတိယအများဆုံး အဆိုတင်သွင်းသည့် ရခိုင်အမျိုးသားပါတီမှ အဆိုစုစုပေါင်း၏ (၁၀.၂၆%) အဆိုတင်သွင်းခဲ့ပါသည်။
အဋ္ဌမပုံမှန်အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ်များ၏ “တိုင်းဒေသကြီး/ပြည်နယ်” ဒေသအလိုက် အဆိုတင်သွင်းဆွေးနွေးမှု
၃၅။ အဋ္ဌမပုံမှန်အစည်းအဝေးတွင်လွှတ်တော်ကိုယ်စားလှယ်များ၏“တိုင်းဒေသကြီး/ပြည်နယ်” ဒေသအလိုက် အဆိုတင်သွင်းဆွေးနွေးမှု အခြေအနေပြဇယား-
၃၆။ အဋ္ဌမပုံမှန်အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ်များ၏ “တိုင်းဒေသကြီး/ပြည်နယ်” ဒေသအလိုက် အဆိုတင်သွင်းဆွေးနွေးမှု အများဆုံးအဆိုတင်သွင်းသည့် ရန်ကုန်တိုင်းဒေသကြီးမှ အဆိုစုစုပေါင်း၏ (၁၄.၁၀%) တင်သွင်းခဲ့ပါသည်။ ဒုတိယအများဆုံး အဆိုတင်သွင်းသည့် တပ်မတော်သားကိုယ်စားလှယ်များမှ အဆိုစုစုပေါင်း၏ (၁၂.၈၂%) ဖြစ်ပြီး တတိယအများဆုံးအဆို တင်သွင်းသည့် မကွေးတိုင်းဒေသကြီး/ ရခိုင်ပြည်နယ်တို့မှ အဆိုစုစုပေါင်း၏ (၁၁.၅၄%) ကိုတင်သွင်း ခဲ့ပါသည်။
အဋ္ဌမပုံမှန်အစည်းအဝေးတွင် တင်သွင်းသောအဆိုများအပေါ် အဆုံးအဖြတ်ပြုခြင်း
၃၇။ အဋ္ဌမပုံမှန်အစည်းအဝေးတွင် တင်သွင်းသောအဆိုများအပေါ်အဆုံးအဖြတ်ပြုခြင်း-
ပထမပုံမှန်အစည်းအဝေးမှ အဋ္ဌမပုံမှန်အစည်းအဝေးထိ အဆိုများဆောင်ရွက်ပြီးစီးမှု အခြေအနေ
၃၈။ ပထမပုံမှန်အစည်းအဝေးမှ အဋ္ဌမပုံမှန်အစည်းအဝေးထိ အဆိုများဆောင်ရွက်ပြီးစီးမှုအခြေ အနေမှာ -
ဒုတိယအကြိမ်၊ ပြည်သူ့လွှတ်တော်၊ အဋ္ဌမပုံမှန်အစည်းအဝေးတွင် ဆွေးနွေးခဲ့သော ဥပဒေကြမ်းများ
၃၉။ ဥပဒေကြမ်းများ ဆောင်ရွက်ခြင်းနှင့်စပ်လျဉ်း၍ အဋ္ဌမပုံမှန်အစည်းအဝေးကာလအတွင်း ဥပဒေကြမ်းပေါင်း (၃၇) ခုရှိပါသည်။ ယင်းဥပဒေများအနက် ပြည်သူ့လွှတ်တော်အစည်းအဝေး တွင် ဥပဒေကြမ်း(၁၄) ခုကို အတည်ပြုဆွေးနွေးခဲ့ပါသည်။ ကျန်ရှိသော ဥပဒေကြမ်း (၂၃) ခု နှင့် နည်းဥပဒေ (၂) ခုကို နဝမပုံမှန်အစည်းအဝေးတွင် ဆက်လက်ဆွေးနွေးမည်ဖြစ်ပါသည်။
အဋ္ဌမပုံမှန်အစည်းအဝေးတွင် ဥပဒေများ၏အခြေအနေပြဇယား-
ပြည်သူ့လွှတ်တော်မှ စတင်ဆောင်ရွက်ပြီး အတည်ပြုသည့် ဥပဒေကြမ်း (၁၁) ခု(ဆောင်ရွက်နိုင်မှု)
ပြည်သူ့လွှတ်တော်မှ အတည်ပြုပြီး အမျိုးသားလွှတ်တော်သို့ ပြန်လည်ပေးပို့သည့် ဥပဒေကြမ်း (၃) ခု -
ဒုတိယအကြိမ် ၊ ပြည်သူ့လွှတ်တော်တွင် အဋ္ဌမပုံမှန်အစည်းအဝေးတွင် ဆောင်ရွက်ရန်ကျန် ဥပဒေကြမ်း (၂၃) ခု၊ နည်းဥပဒေ (၂) ခု ( နဝမပုံမှန်အစည်းအဝေးတွင် ဆက်လက်ဆွေးနွေးမည့် ဥပဒေ/နည်းဥပဒ)
သုံးသပ်ချက်
၃၆။ ပြည်သူ့လွှတ်တော်တွင် မေးခွန်းများ၊ အဆိုများနှင့် ဥပဒေပြုမှုအရေအတွက်များ ပြားလာ ခြင်းသည် နိုင်ငံသားများ၏ အကျိုးစီးပွားနှင့် ပတ်သက်၍ပိုမိုဆွေးနွေး နှီးနှောတိုင်ပင်ရန် အခွင့် အလမ်းကောင်းတစ်ခု ဖြစ်ပါသည်။ လွှတ်တော်ကိုယ်စားလှယ်များသည် မည်သည့်နိုင်ငံရေး ပါတီနောက်ခံ ဖြင့်ရွေးကောက်တင်မြှောက်ခံရသည်ဖြစ်စေ၊ မည်သည့်တိုင်းရင်းသားလူမျိုးဖြစ်စေ လွှတ်တော်အတွင်း နေရာရရှိမှု အနည်းအများသည် ကိုယ်စားလှယ်များ၏ ကိုယ်စားပြုမှုကို ပြဋ္ဌာန်းသည်မဟုတ်ဘဲ လွှတ်တော်အတွင်းတတ်ကြွစွာ အားထုတ်ဆောင်ရွက်မှုကသာ မိမိတို့၏ သက်ဆိုင်ရာမဲဆန္ဒနယ်များမှ မဲဆန္ဒရှင်များနှင့် နိုင်ငံသားများ၏ အကျိုးစီးပွားကို ဆောင်ရွက် သည့် သာဓကအချို့ တွေ့ရှိရပါသည်။ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် အရေအတွက်နှင့် အင်အားစုကြီးမားခြင်း၊ နည်းပါးခြင်းကို ပဓာနမထားပဲ ဒီမိုကရေစီအလေ့အထနှင့် နိုင်ငံရေး လေ့ကျင့်ပျိုးထောင်မှုကောင်းဖြစ်ပေါ်စေရန် ဆက်လက်ဆောင်ရွက်သွားမည်ဟု ယုံကြည်ပါသည်။
နိဂုံး
၃၇။ ပြည်သူ့လွှတ်တော်တွင် ကြယ်ပွင့်ပြမေးခွန်းများ၊ အဆိုဆွေးနွေးမှုများနှင့် ဥပဒေကြမ်း ဆွေးနွေးဆောင်ရွက်မှု အခြေအနေများစသည်တို့ကို ဆွေးနွေးဆောင်ရွက်ရာတွင် လွှတ်တော် ကိုယ်စားလှယ်များအနေဖြင့် အစည်းအဝေးတစ်ကြိမ်ထက်တစ်ကြိမ် ပိုမိုဆွေးနွေးဆောင်ရွက်လာ သည်ကို လေ့လာတွေ့ရှိရပါသည်။ တစ်ရက်တာအတွင်း မေးခွန်းများ၊ အဆိုများမေးမြန်းခြင်း၊ တင်သွင်းခြင်း၊ ဆွေးနွေးမှုများနှင့် ဥပဒေကြမ်းဆွေးနွေး အတည်ပြုမှု အရေအတွက်များအားကောင်း စွာ တိုးတက်လာသည်ကို တွေ့ရှိရပါသည်။ သို့ဖြစ်ပါ၍ ပြည်သူ့လွှတ်တော်၏ လုပ်ငန်းစဉ်များ ပွင့်လင်းမြင်သာမှုရှိစေပြီး အချက်အလက်ကိန်းဂဏန်းများကို တတ်နိုင်သမျှ ပြည့်စုံအောင် လေ့လာ၍ သုတေသနစာတမ်းအား ပြုစုတင်ပြထားပါသည်။
သတိပြုရန်
ဤသတင်းအချက်အလက်သည် လွှတ်တော်ကိုယ်စားလှယ်များအား ၎င်းတို့၏ လွှတ်တော်ဆိုင်ရာ တာဝန်များကို ဆောင်ရွက်ရာတွင် အထောက်အကူပြုရန်အတွက် ဖြစ်ပါသည်။ ပုဂ္ဂိုလ်ရေးဆိုင်ရာ ကိစ္စတစ်စုံတစ်ခုအတွက် အသုံးပြုရန်မဟုတ်ပါ။ အချိန်နှင့်တပြေးညီ နောက်ဆုံးရသတင်းဖြစ်မည်ဟု သတ်မှတ် မထားသင့်ပါ။ ဤအချက်အလက်များအား တရားဝင် သို့မဟုတ် ပညာရှင်ဆိုင်ရာ အကြံပေးချက်အဖြစ် မသတ်မှတ်သင့်ပါ။ အထူးအကြံပေးချက် သို့မဟုတ် သတင်းအချက်အလက်များ လိုအပ်ပါကအရည် အသွေးပြည့်မီသော သင့်လျော်သည့် ကျွမ်းကျင်ပညာရှင်နှင့် ဆွေးနွေးတိုင်ပင် သင့်ပါသည်။ လွှတ်တော်သုတေသနဝန်ဆောင်မှုသည် စာတမ်းတိုများတွင် ပါဝင်သောအကြောင်းအရာများ နှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များ၊ လွှတ်တော်ဝန်ထမ်းများနှင့် ဆွေးနွေးမှုများ ပြုလုပ်ပေးနိုင် ပါသည်။ အများပြည်သူနှင့် ဆွေးနွေးမှုများ ပြုလုပ်ခြင်းမရှိပါ။
