ပြည်သူ့လွှတ်တော်ကို ကိန်းဂဏန်းအခြေပြုချဉ်းကပ်ခြင်း သုတေသနစာတမ်း အမှတ် (၄)

 

ပြည်သူ့လွှတ်တော်ကို ကိန်းဂဏန်းအခြေပြုချဉ်းကပ်ခြင်း သုတေသနစာတမ်း အမှတ် (၄)
(ဒုတိယအကြိမ်၊ ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေးနှင့် သတ္တမပုံမှန် အစည်းအဝေးတွင် မေးခွန်းများနှင့်အဆိုများ လေ့လာချက်)
ဆဋ္ဌမပုံမှန်အစည်းအဝေး   ( ၁၇.၁၀.၂၀၁၇ မှ ၂၃.၁၁.၂၀၁၇ ) ထိ
သတ္တမပုံမှန်အစည်းအဝေး ( ၁၅. ၁. ၂၀၁၈  မှ ၂၉. ၃. ၂၀၁၈ ) ထိ

ပြည်သူ့လွှတ်တော်ကို ကိန်းဂဏန်းအခြေပြုချဉ်းကပ်ခြင်း သုတေသနစာတမ်း အမှတ် (၄)

နိဒါန်း
၁။     လွှတ်တော် (Parliament) သည် နိုင်ငံတစ်နိုင်ငံ၏ ဥပဒေပြုအာဏာရှိသော အဖွဲ့အစည်း ဖြစ်သည်။ မြန်မာနိုင်ငံ၏ ယနေ့ဥပဒေပြုရေးမဏ္ဍိုင်တွင် ပြည်သူ့လွှတ်တော်၏ အခန်းကဏ္ဍသည် လည်း တစ်ထောင့်တစ်နေရာမှ ပါဝင်နေပါသည်။ ပြည်သူ့လွှတ်တော်ရုံး၏ သုတေသနအစီရင်ခံစာ စာတမ်းသည် ဒုတိယအကြိမ်၊ ပြည်သူ့လွှတ်တော်ဆဋ္ဌမပုံမှန်အစည်းအဝေးနှင့် သတ္တမပုံမှန်အစည်းအဝေး တွင် မေးခွန်းမေးမြန်းမှု၊ အဆိုတင်သွင်းမှုနှင့် ဥပဒေပြုမှုအခြေအနေများကို နေ့စဉ်သုတေသန ပြု၍ လေ့လာထားပါသည်။
ရည်ရွယ်ချက်
၂။     ပြည်သူ့လွှတ်တော်၏လုပ်ငန်းဆောင်ရွက်ချက် အဆင့်ဆင့်များအား သိရှိနားလည်စေရန်နှင့် မေးခွန်းမေးမြန်းမှု၊ အဆိုတင်သွင်းမှုနှင့် ဥပဒေပြုမှုတို့ကို ထိရောက်စွာဆောင်ရွက်နိုင်ခြင်း ရှိ/မရှိ တိုင်းတာနိုင်မည့် အကျိုးရလဒ်များ ထွက်ပေါ်လာမည်ဖြစ်သည်။ ပြည်သူ့လွှတ်တော်နှင့်စပ်လျဉ်း သည့် သတင်းအချက်အလက်များကို  လွယ်ကူစွာရှာဖွေမှီငြမ်းနိုင်ရန်အတွက် ကိန်းဂဏန်းများနှင့် ရည်ညွှန်းကိန်းများကို သုတေသနစာတမ်းတိုအဖြစ် ပြုစုတင်ပြခြင်းဖြစ်ပါသည်။
ဒုတိယအကြိမ်၊ ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေးနှင့် သတ္တမပုံမှန်အစည်းအဝေးတွင် မေးမြန်းတင်သွင်းခဲ့သော ကြယ်ပွင့်ပြနှုတ်ဖြေမေးခွန်းများကိုလေ့လာခြင်း
၃။    ဆဋ္ဌမပုံမှန်အစည်းအဝေးကို၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ (၁၇) ရက်နေ့မှ ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ (၂၃) ရက်နေ့ထိ (၁၆) ရက် ကျင်းပခဲ့ပါသည်။ ဆဋ္ဌမပုံမှန်အစည်းအဝေးတွင် ကြယ်ပွင့်ပြ မေးခွန်းပေါင်း (၈၈) ခု မေးမြန်းခဲ့သည့်အတွက် ပျမ်းမျှအားဖြင့် တစ်ရက်လျှင်မေးခွန်း (၆)ခု မေးမြန်းခဲ့ခြင်းဖြစ်ပါသည်။

၄။    သတ္တမပုံမှန်အစည်းအဝေးကို ၂၀၁၈ခုနှစ်၊ ဇန်နဝါရီလ (၁၅) ရက်နေ့မှ ၂၀၁၈ ခုနှစ်၊ မတ်လ (၂၉) ရက်နေ့ထိ (၃၃) ရက် (အစုအဖွဲ့၁ရက်ပါ) ကျင်းပခဲ့ပါသည်။ သတ္တမပုံမှန်အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်းပေါင်း (၁၉၁) ခု မေးမြန်းခဲ့သည့်အတွက် ပျမ်းမျှအားဖြင့် တစ်ရက်လျှင်မေးခွန်း (၆) ခု မေးမြန်းခဲ့ခြင်းဖြစ်ပါသည်။
ဆဋ္ဌမပုံမှန်အစည်းအဝေးနှင့် သတ္တမပုံမှန်အစည်းအဝေးတွင် ကြယ်ပွင့်ပြနှုတ်ဖြေမေးခွန်းများအား နှိုင်းယှဉ်လေ့လာမှုများ  
၅။    “ဆဋ္ဌမပုံမှန်အစည်းအဝေးနှင့် သတ္တမပုံမှန်အစည်းအဝေး” တို့တွင် ကြယ်ပွင့်ပြနှုတ်ဖြေမေးခွန်း များအား နှိုင်းယှဉ်လေ့လာမှုများတွင် မေးခွန်းရှင်လွှတ်တော်ကိုယ်စားများ၏ ကျား-မ အလိုက် ခွဲခြားလေ့လာခြင်း၊ ကိုယ်စားပြုနိုင်ငံရေးပါတီကိုလေ့လာခြင်း၊ ကိုယ်စားပြုဒေသကိုလေ့လာခြင်း၊ ဝန်ကြီးဌာနအလိုက်ဖြေကြားခဲ့သည့် ကြယ်ပွင့်ပြမေးခွန်းအရေအတွက် လေ့လာခြင်းများကို သုတေသန ပြုလုပ်၍ လေ့လာထားပါသည်။
ဆဋ္ဌမပုံမှန်အစည်းအဝေးနှင့် သတ္တမပုံမှန်အစည်းအဝေးတွင် မေးခွန်းများဆောင်ရွက်ပြီးစီးမှု အခြေအနေ
၆။ ဆဋ္ဌမပုံမှန်အစည်းအဝေးနှင့် သတ္တမပုံမှန်အစည်းအဝေးတွင် မေးခွန်းများဆောင်ရွက်ပြီးစီးမှု အခြေအနေပြဇယား -

 

ဆဋ္ဌမပုံမှန်အစည်းအဝေးနှင့် သတ္တမပုံမှန်အစည်းအဝေးတွင်  ကြယ်ပွင့်ပြမေးခွန်းများကို မေးမြန်းခဲ့သည့် “ကျား/မ ကိုယ်စားလှယ်ဦးရေ” စာရင်း
၇။     ဆဋ္ဌမပုံမှန်အစည်းအဝေးနှင့် သတ္တမပုံမှန်အစည်းအဝေးတွင်  ကြယ်ပွင့်ပြမေးခွန်းများကို မေးမြန်းခဲ့သည့် “ကျား/မ ကိုယ်စားလှယ်ဦးရေ”စာရင်းများအား  နှိုင်းယှဉ်ပြဇယား-

 

ဆဋ္ဌမပုံမှန်အစည်းအဝေးနှင့် သတ္တမပုံမှန်အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်းများ မေးမြန်း ခဲ့သည့် အမျိုးသမီးကိုယ်စားလှယ်ဦးရေ
၈။    ဆဋ္ဌမပုံမှန်အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်းများမေးမြန်းခဲ့သည့် အမျိုးသမီးကိုယ်စားလှယ် (၁၂) ဦးမှ မေးခွန်း(၁၇) ခု မေးမြန်းခဲ့သည်ကို အောက်ပါဇယားတွင် လေ့လာတွေ့ရှိနိုင်ပါသည်-

 

၉။    သတ္တမပုံမှန်အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်းများမေးမြန်းခဲ့သည့် အမျိုးသမီး ကိုယ်စားလှယ် (၁၉) ဦးမှ မေးခွန်း(၂၉)ခု မေးမြန်းခဲ့သည်ကို အောက်ပါဇယားတွင် လေ့လာတွေ့ရှိ နိုင်ပါသည်-

 

၁၀။    ဆဋ္ဌမပုံမှန်အစည်းအဝေးနှင့် သတ္တမပုံမှန်အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်း မေးမြန်းခဲ့ သည့် အမျိုးသမီးကိုယ်စားလှယ်အရေအတွက်နှင့် မေးခွန်းပမာဏတို့သည် ပိုမိုများပြားလာသည်ကို နှိုင်းယှဉ်လေ့လာခြင်းအားဖြင့် သိရှိနိုင်ပါသည်။
ဆဋ္ဌမပုံမှန်အစည်းအဝေးနှင့် သတ္တမပုံမှန်အစည်းအဝေးတွင်  ကြယ်ပွင့်ပြမေးခွန်းများ မေးမြန်းခဲ့ သည့်  အမျိုးသားကိုယ်စားလှယ်ဦးရေ
၁၁။    ဆဋ္ဌမပုံမှန်အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်းများမေးမြန်းခဲ့သည့် အမျိုးသားကိုယ်စားလှယ် (၅၁) ဦး မှ မေးခွန်း (၇၁) ခု မေးမြန်းခဲ့သည်ကို အောက်ပါဇယားတွင်  ဖော်ပြထားပါသည်-

 

 

 

၁၂။    သတ္တမပုံမှန်အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်းများမေးမြန်းခဲ့သည့် အမျိုးသားကိုယ်စားလှယ်  (၉၁) ဦး မှ မေးခွန်း (၁၆၂) ခု မေးမြန်းခဲ့သည်ကိုအောက်ပါဇယားတွင် အသေးစိတ် ဖော်ပြထားပါသည်-

 

 

 

 

 

၁၃။    ကြယ်ပွင့်ပြမေးခွန်းမေးမြန်းခဲ့သည့် အမျိုးသားကိုယ်စားလှယ်ဦးရေနှင့် မေးခွန်းအရေအတွက် တို့သည် ပုံမှန်အစည်းအဝေးတစ်ခုထက်တစ်ခု ပိုမိုမြင့်တက်လာသည်ကို နှိုင်းယှဉ်လေ့လာခြင်းအား ဖြင့် သိရှိနိုင်ပါသည်။  
ဆဋ္ဌမပုံမှန်အစည်းအဝေးနှင့် သတ္တမပုံမှန်အစည်းအဝေးတွင် မေးမြန်းဖြေကြားခဲ့သည့် ကြယ်ပွင့်ပြ “မေးခွန်းအရေအတွက်ကို ကျား-မ” အလိုက်ခွဲခြားလေ့လာခြင်း
၁၄။    ဆဋ္ဌမပုံမှန်အစည်းအဝေးနှင့် သတ္တမပုံမှန်အစည်းအဝေးတွင်  မေးမြန်းဖြေကြားခဲ့သည့် ကြယ်ပွင့်ပြ “မေးခွန်းအရေအတွက်ကို ကျား-မ” အလိုက်ခွဲခြားလေ့လာသည့်ဇယားမှာ-

 

၁၅။ ဆဋ္ဌမပုံမှန်အစည်းအဝေးတွင် မေးမြန်းခဲ့သည့်မေးခွန်းပေါင်း (၈၈) ခုအနက် အမျိုးသား ကိုယ်စားလှယ်များမှ မေးခွန်း (၇၁) ခုနှင့် အမျိုးသမီးကိုယ်စားလှယ်များမှ မေးခွန်း(၁၇) ခု မေးမြန်းခဲ့ပါသည်။ အမျိုးသားကိုယ်စားလှယ်များသည် မေးခွန်းအားလုံး၏  ၈၁% ကို မေးမြန်းခဲ့ကြခြင်း ဖြစ်ပြီး အမျိုးသမီးကိုယ်စားလှယ်များသည် မေးခွန်းအားလုံး၏ ၁၉ % ကို မေးမြန်းနိုင်ခဲ့ကြောင်း တွေ့ရှိရပါသည်။
၁၆။    သတ္တမပုံမှန်အစည်းအဝေးတွင် မေးမြန်းခဲ့သည့်မေးခွန်းပေါင်း (၁၉၁) ခု ရှိသည့်အနက် အမျိုးသားကိုယ်စားလှယ်များမှ မေးခွန်း (၁၆၂) ခုနှင့် အမျိုးသမီးကိုယ်စားလှယ်များမှ  မေးခွန်း (၂၉) ခု မေးမြန်းခဲ့ပါသည်။ အမျိုးသားကိုယ်စားလှယ်များသည် မေးခွန်းအားလုံး၏ ၈၅% ကို မေးမြန်းခဲ့ကြခြင်းဖြစ်ပြီး အမျိုးသမီးကိုယ်စားလှယ်များသည် မေးခွန်းအားလုံး ၁၅ % ကို မေးမြန်း နိုင်ခဲ့ကြောင်း တွေ့ရှိရပါသည်။
ဒုတိယအကြိမ်၊ ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေးမှ သတ္တမပုံမှန်အစည်းအဝေးထိ မေးခွန်းများ ဆောင်ရွက်ပြီးစီးမှုအခြေအနေ
၁၇။     ပထမပုံမှန်အစည်းအဝေးမှ သတ္တမပုံမှန်အစည်းအဝေးထိ  မေးခွန်းများဆောင်ရွက် ပြီးစီးမှုအခြေအနေမှာ -

 

ဆဋ္ဌမပုံမှန်အစည်းအဝေးနှင့် သတ္တမပုံမှန်အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်းမေးမြန်းသော လွှတ်တော်ကိုယ်စားလှယ်များ၏ “ကိုယ်စားပြုနိုင်ငံရေးပါတီ” ကိုလေ့လာခြင်း
၁၈။    ကြယ်ပွင့်ပြမေးခွန်းမေးမြန်းသော လွှတ်တော်ကိုယ်စားလှယ်များ၏ “ကိုယ်စားပြု နိုင်ငံရေးပါတီ” များမှာ အောက်ပါအတိုင်းဖြစ်ပါသည် -

 

ဆဋ္ဌမပုံမှန်အစည်းအဝေးနှင့် သတ္တမပုံမှန်အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်းမေးမြန်းသော လွှတ်တော်ကိုယ်စားလှယ်များ၏“ကိုယ်စားပြုနိုင်ငံရေးပါတီ”အခြေအနေပြပုံ-

 

ဆဋ္ဌမပုံမှန်အစည်းအဝေး နှင့် သတ္တမပုံမှန်အစည်းအဝေး တွင် “ကိုယ်စားပြုဒေသအလိုက်”   မေးခွန်းမေးမြန်းမှု
၁၉။     ဆဋ္ဌမပုံမှန်အစည်းအဝေး နှင့် သတ္တမပုံမှန်အစည်းအဝေး တွင် ကိုယ်စားပြုဒေသအလိုက်  မေးခွန်းမေးမြန်းမှု အခြေအနေပြဇယား -

 

ဆဋ္ဌမပုံမှန်အစည်းအဝေးနှင့်သတ္တမပုံမှန်အစည်းအဝေးတွင်  ကိုယ်စားပြုဒေသအလိုက်  မေးခွန်းမေးမြန်းမှု အခြေအနေပြပုံ -

 

ဆဋ္ဌမပုံမှန်အစည်းအဝေးနှင့်သတ္တမပုံမှန်အစည်းအဝေးတွင်“ဝန်ကြီးဌာနအလိုက်ဖြေဆိုမှု”  ကြယ်ပွင့်ပြမေးခွန်းအရေအတွက် လေ့လာခြင်း
၂၀။    ဆဋ္ဌမပုံမှန်အစည်းအဝေးနှင့် သတ္တမပုံမှန်အစည်းအဝေးတွင် “ဝန်ကြီးဌာနအလိုက် ဖြေဆိုမှု” ကြယ်ပွင့်ပြမေးခွန်းအရေအတွက် လေ့လာခြင်းဇယား -

 

 

၂၁။    ဆဋ္ဌမပုံမှန်အစည်းအဝေးတွင် မေးမြန်းခဲ့သောမေးခွန်းများကို လွှတ်တော်သို့လာရောက် ဖြေကြားပေးခဲ့သည့် ဝန်ကြီးဌာနများအနက်အများဆုံး ဖြေကြားပေးသည့်    ဆောက်လုပ်ရေးဝန်ကြီးဌာနမှ မေးခွန်းစုစုပေါင်း၏ (၁၈.၁၈%)ကို လာရောက်ဖြေကြားခဲ့ပါသည်။  ဒုတိယအများဆုံး ဖြေကြားပေးသည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှမေးခွန်း စုစုပေါင်း၏ (၁၄.၇၇%) ဖြစ်ပြီး တတိယ အများဆုံးဖြေကြားပေးသည့် ပညာရေးဝန်ကြီးဌာနမှ မေးခွန်းစုစုပေါင်း၏ (၁၁.၃၆%)ကို လာရောက် ဖြေကြားခဲ့ပါသည်။  ရာခိုင်နှုန်းအားဖြင့် မေးခွန်းအားလုံး၏ ( ၁.၁၄%) ရှိခဲ့သည်ကို လေ့လာတွေ့ရှိ ခဲ့ပါသည်။
၂၂။    သတ္တမပုံမှန်အစည်းအဝေးတွင် မေးမြန်းခဲ့သောမေးခွန်းများကို လွှတ်တော်သို့လာရောက် ဖြေကြားပေးခဲ့သည့် ဝန်ကြီးဌာနများအနက် အများဆုံးဖြေကြားပေးသည့် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ မေးခွန်းစုစုပေါင်း၏ (၂၀.၉၅%)ကို လာရောက်ဖြေကြားခဲ့ပါသည်။ ဒုတိယအများဆုံး ဖြေကြားပေးသည့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ မေးခွန်းစုစုပေါင်း၏  (၁၄.၆၆%) ဖြစ်ပြီး တတိယအများဆုံး ဖြေကြားပေးသည့်  ပညာရေးဝန်ကြီးဌာနမှ မေးခွန်းစုစုပေါင်း၏ (၁၂.၅၇%)ကို လာရောက်ဖြေကြား ခဲ့ပါသည်။ ရာခိုင်နှုန်းအားဖြင့် မေးခွန်းအားလုံး၏ (ဝ.၅၂%) ရှိခဲ့သည်ကို လေ့လာတွေ့ရှိခဲ့ပါသည်။
အဆိုများကို လေ့လာခြင်း
၂၃။    ဆဋ္ဌမပုံမှန်အစည်းအဝေးကို ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ (၁၇) ရက် မှ ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ (၂၃) ရက်နေ့ ရက်ပေါင်း (၁၆) ရက် ကျင်းပခဲ့ပြီး  အတည်ပြုအဆို (ရိုးရိုး) (၄)ခု နှင့် မှတ်တမ်းတင်(ရိုးရိုး) အဆို (၃)ခု မှတ်တမ်းတင်ခဲ့ပါသည်။
၂၄။    သတ္တမပုံမှန်အစည်းအဝေးကို ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ (၁၅) ရက် မှ ၂၀၁၈ ခုနှစ်၊ မတ်လ (၂၉) ရက်နေ့ ရက်ပေါင်း ၃၃ ရက် (အစုအဖွဲ့၁ရက်ပါ) ကျင်းပခဲ့ပြီး  အတည်ပြုအဆို (ရိုးရိုး) (၂)ခု  နှင့် မှတ်တမ်းတင်(ရိုးရိုး) အဆို (၇) ခု မှတ်တမ်းတင်ခဲ့ပါသည်။
ဒုတိယအကြိမ်၊ ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေးနှင့် သတ္တမပုံမှန်အစည်းအဝေးတွင် အဆိုများဆောင်ရွက်ပြီးစီးမှု အခြေအနေ
၂၅။    ဆဋ္ဌမပုံမှန်အစည်းအဝေးနှင့် သတ္တမပုံမှန်အစည်းအဝေးတွင် အဆိုများဆောင်ရွက်ပြီးစီးမှု အခြေအနေပြဇယား -

 

ဆဋ္ဌမပုံမှန်အစည်းအဝေးနှင့် သတ္တမပုံမှန်အစည်းအဝေးတွင် အဆိုတင်သွင်းခဲ့သည့်   အဆိုအရေအတွက် နှင့် ရက်အလိုက် ပျမ်းမျှအဆိုအရေအတွက် နှိုင်းယှဉ်ချက်
၂၆။    ဆဋ္ဌမပုံမှန်အစည်းအဝေးနှင့် သတ္တမပုံမှန်အစည်းအဝေးတွင် အဆိုတင်သွင်းခဲ့သည့်  အဆိုအရေအတွက်နှင့် ရက်အလိုက် ပျမ်းမျှအဆိုအရေအတွက် နှိုင်းယှဉ်ချက်များမှာ-

 

၂၇။    ဆဋ္ဌမပုံမှန်အစည်းအဝေးအတွင်း အတည်ပြု/ မှတ်တမ်းတင် အဆိုပေါင်း (၇) ခု တင်သွင်းခဲ့ပြီး အစည်းအဝေးရက်ပေါင်း (၁၆) ရက်ရှိသည့်အတွက် အစည်းအဝေး (၂) ရက် တွင် အဆိုတစ်ခုနှုန်း တင်သွင်းခဲ့ခြင်းဖြစ်ကြောင်း တွေ့ရသည်။
၂၈။    သတ္တမပုံမှန်အစည်းအဝေးအတွင်း အတည်ပြု/မှတ်တမ်းတင် အဆိုပေါင်း (၉)ခု တင်သွင်း ခဲ့ပြီး အစည်းအဝေးရက်ပေါင်း (၃၃)ရက် ရှိသည့်အတွက် အစည်းအဝေး (၃) ရက် တွင် အဆိုတစ်ခုနှုန်း တင်သွင်းခဲ့ခြင်းဖြစ်ကြောင်း တွေ့ရသည်။

ဆဋ္ဌမပုံမှန်အစည်းအဝေးတွင် အတည်ပြုအဆိုဆွေးနွေးသော လွှတ်တော်ကိုယ်စားလှယ်များ
၂၉။     ဆဋ္ဌမပုံမှန်အစည်းအဝေးတွင်အတည်ပြုအဆိုဆွေးနွေးသောလွှတ်တော်ကိုယ်စားလှယ် များမှာ အောက်ပါအတိုင်းဖြစ်ပါသည် -

 

ဆဋ္ဌမပုံမှန်အစည်းအဝေးတွင် အတည်ပြုအဆိုများ-

 

 

ဆဋ္ဌမပုံမှန်အစည်းအဝေးတွင် “မှတ်တမ်းတင်အဆို” ဆွေးနွေးသော လွှတ်တော်ကိုယ်စားလှယ်များ
၃၀။     ဆဋ္ဌမပုံမှန်အစည်းအဝေးတွင် “မှတ်တမ်းတင်အဆို” ဆွေးနွေးသော လွှတ်တော်ကိုယ်စားလှယ်  များမှာ အောက်ပါအတိုင်းဖြစ်ပါသည် -

 

 

သတ္တမပုံမှန်အစည်းအဝေးတွင် အတည်ပြုအဆို ဆွေးနွေးသော  လွှတ်တော်ကိုယ်စားလှယ်များ
၃၁။     သတ္တမပုံမှန်အစည်းအဝေးတွင် အတည်ပြုအဆို ဆွေးနွေးသော လွှတ်တော်ကိုယ်စားလှယ်များမှာ အောက်ပါအတိုင်းဖြစ်ပါသည် -

 

 

သတ္တမပုံမှန်အစည်းအဝေးတွင်“မှတ်တမ်းတင်အဆို”ဆွေးနွေးသောလွှတ်တော်ကိုယ်စားလှယ်များ
၃၂။    သတ္တမပုံမှန်အစည်းအဝေးတွင် “မှတ်တမ်းတင်အဆို” ဆွေးနွေးသောလွှတ်တော် ကိုယ်စားလှယ်များမှာ အောက်ပါအတိုင်းဖြစ်ပါသည် -

 

 

သတ္တမပုံမှန်အစည်းအဝေးတွင်   “မှတ်တမ်းတင်အဆို ”   များ

 

 

 

 

ဆဋ္ဌမပုံမှန်အစည်းအဝေးနှင့် သတ္တမပုံမှန်အစည်းအဝေးတွင် အဆိုတင်သွင်းဆွေးနွေးမှုများအား နှိုင်းယှဉ်လေ့လာခြင်း
၃၃။    ဆဋ္ဌမပုံမှန်အစည်းအဝေးနှင့် သတ္တမပုံမှန်အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ်များ ၏အဆိုတင်သွင်း ဆွေးနွေးမှုများကို လေ့လာရာတွင် လွှတ်တော်ကိုယ်စားလှယ်များ၏ တိုင်းရင်းသား ဖြစ်မှုကို လေ့လာခြင်း၊ ကိုယ်စားပြုနိုင်ငံရေးပါတီကို လေ့လာခြင်း၊ ကိုယ်စားပြုဒေသအလိုက် လေ့လာခြင်း အမျိုးအစားများကို သုတေသနပြုလုပ်၍ လေ့လာထားပါသည်။
ဆဋ္ဌမပုံမှန်အစည်းအဝေးနှင့် သတ္တမပုံမှန်အစည်းအဝေးတွင် အဆိုတင်သွင်းဆွေးနွေးသော လွှတ်တော်ကိုယ်စားလှယ်များ၏ တိုင်းရင်းသားဖြစ်မှုကိုလေ့လာခြင်း
၃၄။    ဆဋ္ဌမပုံမှန်အစည်းအဝေးတွင် အဆိုတင်သွင်း ဆွေးနွေးခဲ့သော တိုင်းရင်းသား လွှတ်တော် ကိုယ်စားလှယ်များမှာ  ဗမာတိုင်းရင်းသား (၇၅.၉၂%) ၊ ရခိုင်တိုင်းရင်းသား (၁.၈၆%) ၊ ရှမ်းတိုင်း ရင်းသား  (၁၁.၁၁%)၊ ကချင်တိုင်းရင်းသား (၃.၇၀%) ၊ ကရင်တိုင်းရင်းသား (၅.၅၅ %)၊ ကယား တိုင်းရင်းသား (၁.၈၆%) အဆို တင်သွင်းခဲ့ပါသည်။

၃၅။    သတ္တမပုံမှန်အစည်းအဝေးတွင် အဆိုတင်သွင်း ဆွေးနွေးခဲ့သော တိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ်များမှာ  ဗမာတိုင်းရင်းသား (၆၇.၃၃%)၊ ရခိုင်တိုင်းရင်းသား (၆.၉၃%)၊ ရှမ်းတိုင်း ရင်းသား (၁၀.၈၉%) ၊ ကချင်တိုင်းရင်းသား (၂.၉၇%)၊ ကရင်တိုင်းရင်းသား (၅.၉၄%)၊ ကယားတိုင်းရင်းသား (၂.၉၇%)၊ ချင်းတိုင်းရင်းသား (ဝ.၉၉%)၊ လီဆူးတိုင်းရင်းသား (ဝ.၉၉%)၊ မွန်တိုင်းရင်းသား (ဝ.၉၉%) အဆိုတင်သွင်းခဲ့ပါသည်။
၃၆။    ဆဋ္ဌမပုံမှန်အစည်းအဝေးနှင့် သတ္တမပုံမှန်အစည်းအဝေးတွင် အဆိုတင်သွင်းဆွေးနွေးခဲ့သော လွှတ်တော်ကိုယ်စားလှယ်များ၏ တိုင်းရင်းသားအလိုက်အဆိုတင်သွင်းမှုဇယား -

 

ဆဋ္ဌမပုံမှန်အစည်းအဝေးနှင့် သတ္တမပုံမှန်အစည်းအဝေးတွင် အဆိုတင်သွင်းဆွေးနွေးသော လွှတ်တော်ကိုယ်စားလှယ်များ၏ “ကိုယ်စားပြုနိုင်ငံရေးပါတီ”  ကိုလေ့လာခြင်း
၃၇။    ဆဋ္ဌမပုံမှန်အစည်းအဝေးနှင့် သတ္တမပုံမှန်အစည်းအဝေးတွင် အဆိုတင်သွင်း ဆွေးနွေးသော လွှတ်တော်ကိုယ်စားလှယ်များ၏ “ကိုယ်စားပြုနိုင်ငံရေးပါတီ” များမှာ -

 

 

ဆဋ္ဌမပုံမှန်အစည်းအဝေးနှင့် သတ္တမပုံမှန်အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ်များ၏ ကိုယ်စားပြုဒေသအလိုက် အဆိုတင်သွင်းဆွေးနွေးမှု
၃၈။     ဆဋ္ဌမပုံမှန်အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ်များ၏ ကိုယ်စားပြုဒေသအလိုက် အဆိုတင်သွင်းဆွေးနွေးမှုအခြေအနေပြဇယား-

 

ဆဋ္ဌမပုံမှန်အစည်းအဝေးနှင့် သတ္တမပုံမှန်အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ်များ၏ ကိုယ်စားပြုဒေသအလိုက် အဆိုတင်သွင်းဆွေးနွေးမှု အခြေအနေပြခြင်း-

 

ဆဋ္ဌမပုံမှန်အစည်းအဝေးနှင့် သတ္တမပုံမှန်အစည်းအဝေးတွင်  တင်သွင်းသောအဆိုများအပေါ် အဆုံးအဖြတ်ပြုခြင်း
၃၉။    ဆဋ္ဌမပုံမှန်အစည်းအဝေးနှင့် သတ္တမပုံမှန်အစည်းအဝေးတွင်  တင်သွင်းသောအဆိုများအပေါ် အဆုံးအဖြတ်ပြုခြင်း-

 

ပထမပုံမှန်အစည်းအဝေးမှ သတ္တမပုံမှန်အစည်းအဝေးထိ အဆိုများဆောင်ရွက်ပြီးစီးမှု အခြေအနေ
၄၀။    ပထမပုံမှန်အစည်းအဝေး မှ ဆဋ္ဌမပုံမှန်အစည်းအဝေး ထိ အဆိုများ ဆောင်ရွက်ပြီးစီးမှု အခြေအနေမှာ -

 

အဆိုဆွေးနွေးမှုများအား လေ့လာခြင်း
၄၁။     ဆဋ္ဌမပုံမှန်အစည်းအဝေးတွင် အဆိုတင်သွင်းရာတွင်  အတည်ပြု(ရိုးရိုး)  အဆို (၄) ခု နှင့် မှတ်တမ်းတင်(ရိုးရိုး) အဆို (၃) ခုကို ပြည်သူ့လွှတ်တော်တွင် မှတ်တမ်းတင်ထားပါသည်။ စုစုပေါင်းအဆို (၇) ခု အပေါ်တင်သွင်းဆွေးနွေးသူနှင့်    ဝိုင်းဝန်းဆွေးနွေးကြသည့် လွှတ်တော်ကိုယ်စားလှယ် (၅၄) ဦး ပါဝင် ဆွေးနွေးခဲ့ကြပါသည်။
၄၂။    သတ္တမပုံမှန်အစည်းအဝေးတွင် အဆိုတင်သွင်းရာတွင်  အတည်ပြု(ရိုးရိုး) အဆို (၂) ခု နှင့် မှတ်တမ်းတင်(ရိုးရိုး) အဆို (၇) ခုကို ပြည်သူ့လွှတ်တော်တွင် မှတ်တမ်းတင်ထားပါသည်။ စုစုပေါင်း အဆို (၉) ခု အပေါ်တင်သွင်းဆွေးနွေးသူနှင့်    ဝိုင်းဝန်းဆွေးနွေးကြသည့် လွှတ်တော်ကိုယ်စားလှယ် (၁၃၁) ဦး ပါဝင်ဆွေးနွေးခဲ့ကြပါသည်။
ဒုတိယအကြိမ်၊ ပြည်သူ့လွှတ်တော်၊ ဆဋ္ဌမပုံမှန်အစည်းအဝေးတွင် ဆွေးနွေးခဲ့သော ဥပဒေကြမ်းများ
၄၃။    ဥပဒေကြမ်းများဆောင်ရွက်ခြင်းနှင့်စပ်လျဉ်း၍ ဆဋ္ဌမပုံမှန်အစည်းအဝေး ကာလအတွင်း ဥပဒေကြမ်းပေါင်း (၂၄) ခုရှိပါသည်။ ယင်းဥပဒေများအနက် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ဥပဒေကြမ်း(၇)ခု ကို အတည်ပြုဆွေးနွေးခဲ့ပါသည်။ ကျန်ရှိသော ဥပဒေကြမ်း (၁၇) ခု နှင့် နည်းဥပဒေ (၁) ခု ကိုသတ္တမပုံမှန်အစည်းအဝေးတွင် ဆက်လက်ဆွေးနွေးခဲ့ပါသည်။
 

 

ပြည်သူ့လွှတ်တော်တွင် ဆောင်ရွက်ရန်ကျန် ဥပဒေကြမ်း (၁၇) ခု၊ နည်းဥပဒေ (၁) ခု-

 

 

ဒုတိယအကြိမ်၊ ပြည်သူ့လွှတ်တော်၊ သတ္တမပုံမှန်အစည်းအဝေးတွင် ဆွေးနွေးခဲ့သော ဥပဒေကြမ်းများ
၄၄။    ဥပဒေကြမ်းများဆောင်ရွက်ခြင်းနှင့်စပ်လျဉ်း၍ သတ္တမပုံမှန်အစည်းအဝေးကာလအတွင်း ဥပဒေကြမ်းပေါင်း (၃၅) ခုရှိပါသည်။ ယင်းဥပဒေများအနက် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ဥပဒေကြမ်း(၁၄)ခုနှင့် နည်းဥပဒေ (၁)ခုကို အတည်ပြုဆွေးနွေးခဲ့ပါသည်။ ကျန်ရှိသော ဥပဒေကြမ်း (၂၁) ခု နှင့် နည်းဥပဒေ (၁)ခုကို အဋ္ဌမပုံမှန်အစည်းအဝေးတွင် ဆက်လက်ဆွေးနွေး မည်ဖြစ်ပါသည်။
ပြည်သူ့လွှတ်တော်မှ စတင်ဆောင်ရွက်ပြီး အတည်ပြုသည့် ဥပဒေကြမ်း (၉) ခု၊ နည်းဥပဒေ (၁) ခု-

 

 

 

 

သုံးသပ်ချက်
၄၅။    ပြည်သူ့လွှတ်တော်တွင် မေးခွန်းများ၊ အဆိုများနှင့် ဥပဒေပြုမှု အရေအတွက် များပြားလာ ခြင်းသည် နိုင်ငံသားများ၏ အကျိုးစီးပွားနှင့် ပတ်သက်၍ပိုမို ဆွေးနွေးနှီးနှော တိုင်ပင်ရန် အခွင့်အလမ်း ကောင်းတစ်ခုဖြစ်ပါသည်။ လွှတ်တော်ကိုယ်စားလှယ်များသည် မည်သည့်နိုင်ငံရေးပါတီနောက်ခံဖြင့် ရွေးကောက်တင်မြှောက်ခံရသည်ဖြစ်စေ၊ မည်သည့်တိုင်းရင်းသား လူမျိုးဖြစ်စေ လွှတ်တော်အတွင်း နေရာရရှိမှု အနည်းအများသည် ကိုယ်စားလှယ်များ၏ ကိုယ်စားပြုမှုကို ပြဌာန်းသည်မဟုတ်ဘဲ လွှတ်တော်အတွင်းတတ်ကြွစွာ အားထုတ်ဆောင်ရွက်မှုကသာ မိမိတို့၏ သက်ဆိုင်ရာ မဲဆန္ဒနယ်များမှ မဲဆန္ဒရှင်များနှင့် နိုင်ငံသားများ၏ အကျိုးစီးပွားကို ဆောင်ရွက်သည့် သာဓကအချို့ တွေ့ရှိရပါသည်။ လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် အရေအတွက်နှင့် အင်အားစုကြီးမားခြင်း၊ နည်းပါးခြင်း ကိုပဓာနမထားပဲ ဒီမိုကရေစီ အလေ့အထနှင့် နိုင်ငံရေးလေ့ကျင့်ပျိုးထောင်မှုကောင်း ဖြစ်ပေါ်စေရန် ဆက်လက်ဆောင်ရွက်သွားမည်ဟု ယုံကြည်ပါသည်။

နိဂုံး
၄၆။    ပြည်သူ့လွှတ်တော်တွင် ကြယ်ပွင့်ပြမေးခွန်းများ၊ အဆိုဆွေးနွေးမှုများနှင့် ဥပဒေကြမ်းဆွေးနွေး ဆောင်ရွက်မှု အခြေအနေများ စသည်တို့ကို ဆွေးနွေးဆောင်ရွက်ရာတွင် လွှတ်တော်ကိုယ်စားလှယ် များအနေဖြင့် အစည်းအဝေးတစ်ကြိမ်ထက်တစ်ကြိမ် ပိုမိုဆွေးနွေး ဆောင်ရွက်လာသည်ကို လေ့လာ တွေ့ရှိရပါသည်။ တစ်ရက်တာအတွင်း မေးခွန်းများ၊ အဆိုများ မေးမြန်းခြင်း၊ တင်သွင်းခြင်း၊ ဆွေးနွေးမှုများနှင့် ဥပဒေကြမ်းဆွေးနွေးအတည်ပြုမှု  အရေအတွက်များ  အားကောင်းစွာ တိုးတက် လာသည်ကို တွေ့ရှိရပါသည်။ သို့ဖြစ်ပါ၍ ပြည်သူ့လွှတ်တော်၏ လုပ်ငန်းစဉ်များ ပွင့်လင်းမြင်သာမှု ရှိစေပြီး အချက်အလက် ကိန်းဂဏန်းများကို တတ်နိုင်သမျှ ပြည့်စုံအောင်လေ့လာ၍ သုတေသနစာတမ်းအား ပြုစုတင်ပြထားပါသည်။

သတိပွုရနျ

ဤသတင်းအချက်အလက်သည် လွှတ်တော်ကိုယ်စားလှယ်များအား ၎င်းတို့၏ လွှတ်တော်ဆိုင်ရာ တာဝန်များကို ဆောင်ရွက်ရာတွင် အထောက်အကူပြုရန်အတွက် ဖြစ်ပါသည်။ ပုဂ္ဂိုလ်ရေးဆိုင်ရာ ကိစ္စ တစ်စုံတစ်ခုအတွက် အသုံးပြုရန်မဟုတ်ပါ။ အချိန်နှင့်တပြေးညီ နောက်ဆုံးရသတင်းဖြစ်မည်ဟု သတ်မှတ် မထားသင့်ပါ။ ဤအချက်အလက်များအား တရားဝင် သို့မဟုတ် ပညာရှင်ဆိုင်ရာအကြံပေးချက်အဖြစ် မသတ်မှတ်သင့်ပါ။ အထူးအကြံပေးချက် သို့မဟုတ် သတင်းအချက်အလက်များလိုအပ်ပါက အရည်  အသွေးပြည့်မီသော သင့်လျော်သည့် ကျွမ်းကျင်ပညာရှင်နှင့် ဆွေးနွေးတိုင်ပင်သင့်ပါသည်။ လွှတ်တော် သုတေသနဝန်ဆောင်မှုသည် စာတမ်းတိုများတွင် ပါဝင်သောအကြောင်းအရာများနှင့် စပ်လျဉ်း၍ လွှတ်တော် ကိုယ်စားလှယ်များ၊ လွှတ်တော်ဝန်ထမ်းများနှင့် ဆွေးနွေးမှုများ ပြုလုပ်ပေးနိုင်ပါသည်။ အများပြည်သူနှင့် ဆွေးနွေးမှုများ ပြုလုပ်ခြင်းမရှိပါ။

Standard (Image)