ပြည်သူ့လွှတ်တော်ကို ကိန်းဂဏန်းအခြေပြုချဉ်းကပ်ခြင်း သုတေသနစာတမ်း အမှတ် (၁)
(ဒုတိယအကြိမ်၊ပြည်သူ့လွှတ်တော်ပထမပုံမှန်အစည်းအဝေးမှဒုတိယပုံမှန်အစည်းအဝေးထိ
မေးခွန်းများနှင့် အဆိုများလေ့လာချက်)
ပထမပုံမှန်အစည်းအဝေး (၁.၂.၂၀၁၆ မှ ၁၀.၆.၂၀၁၆) ထိ
ဒုတိယပုံမှန်အစည်းအဝေး ( ၂၅.၇.၂၀၁၆ မှ ၇.၁၀.၂၀၁၇၆ ) ထိ
ပြည်သူ့လွှတ်တော်ကို ကိန်းဂဏန်းအခြေပြုချဉ်းကပ်ခြင်း သုတေသနစာတမ်းတို
နိဒါန်း၁။ လွှတ်တော် (Parliament) သည် နိုင်ငံတစ်နိုင်ငံ၏ ဥပဒေပြုအာဏာရှိသော အဖွဲ့အစည်း ဖြစ်သည်။ မြန်မာနိုင်ငံ၏ ယနေ့ဥပဒေပြုရေးမဏ္ဏိုင်တွင် ပြည်သူ့လွှတ်တော်၏ အခန်းကဏ္ဍ သည်လည်း တစ်ထောင့်တစ်နေရာမှ ပါဝင်နေပါသည်။ ပြည်သူ့လွှတ်တော်ရုံး၏ သုတေသန အစီရင်ခံစာ စာတမ်းသည် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေးမှ ဒုတိယပုံမှန်အစည်းအဝေးထိ မေးခွန်းများနှင့် အဆိုများကို လေ့လာချက်အစီရင်ခံစာများဖြစ်ရာ မေးခွန်းမေးမြန်းမှုနှင့် အဆိုတင်သွင်းမှုအခြေအနေများကို နေ့စဉ်သုတေသနပြု၍ လေ့လာထား ပါသည်။
ရည်ရွယ်ချက်၂။ ပြည်သူ့လွှတ်တော်၏ အခြေနေအရပ်ရပ်ကို စောင့်ကြည့်လေ့လာရာတွင် ပြည်သူ့ လွှတ်တော်၏အင်္ဂါရပ်များဖြစ်သည်။ ကိုယ်စားပြုခြင်း၊ ဥပဒေပြုခြင်း၊ အစိုးရအားထိန်းကျောင်း စိစစ်ခြင်းတို့သည် စွမ်းဆောင်နိုင်သော အချက်အလက်များပေါ်တွင် အကဲဖြတ်နိုင်ရန်ဖြစ်ပါ သည်။ ထိုသို့အချက်အလက်များကိုကောက်ယူရာမှ ပြည်သူ့လွှတ်တော်၏လုပ်ငန်းဆောင်ရွက် ချက်အဆင့်ဆင့်များအား သိရှိနားလည်စေရန်နှင့် ဥပဒေပြုမှု၊ မေးခွန်းမေးမြန်းမှုနှင့် အဆိုတင်သွင်းမှုတို့ကို ထိရောက်စွာ ဆောင်ရွက်နိုင်ခြင်း ရှိ/မရှိ တိုင်းတာနိုင်မည့် အကျိုးရလာဒ်များ ထွက်ပေါ်လာမည်ဖြစ်သည်။ ပြည်သူ့လွှတ်တော်နှင့် ပတ်သက်သည့် သတင်းအချက်အလက်များ၏ ပမာဏများပြားလာသည်နှင့်အမျှ လွယ်ကူစွာရှာဖွေမှီငြမ်းနိုင်ရန်အတွက် ကိန်းဂဏန်းများနှင့် ရည်ညွှန်းကိန်းများကို သုတေသနစာတမ်းတိုအဖြစ် ပြုစုတင်ပြခြင်းဖြစ်ပါသည်။
ပြည်သူ့လွှတ်တော်၊ ဒုတိယအကြိမ် ပထမပုံမှန်အစည်းအဝေးမှ ဒုတိယပုံမှန်အစည်းအဝေး ထိ မေးမြန်းတင်သွင်းသော မေးခွန်းနှင့် အဆိုများကိုလေ့လာခြင်း
၃။ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေးကို ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၁၆ ခုနှစ် ဇွန်လ ၁၀ ရက်နေ့အထိ ၄၃ ရက် ကျင်းပခဲ့ကြောင်း သိရှိရပါသည်။ ပထမပုံမှန်အစည်းအဝေးအတွင်း ကြယ်ပွင့်ပြ မေးခွန်းပေါင်း (၈၃) ခု မေးမြန်းခဲ့သည့်အတွက် ထိုကာလအတွင်း ပျမ်းမျှအားဖြင့်တစ်ရက်လျှင် မေးခွန်း ၂ ခု မေးမြန်းခဲ့ခြင်းဖြစ်ပါသည်။
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးကို ၂၀၁၆ ခုနှစ် ဇူလိုင်လ ၂၅ ရက်နေ့မှ ၂၀၁၆ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့ထိ ၄၇ ရက် ကျင်းပခဲ့ကြောင်း သိရှိရ ပါသည်။ ဒုတိယပုံမှန်အစည်းအဝေးအတွင်း ကြယ်ပွင့်ပြမေးခွန်းပေါင်း (၂၂၅) ခု မေးမြန်းခဲ့သည့် အတွက် ထိုကာလအတွင်း ပျမ်းမျှအားဖြင့်တစ်ရက်လျှင် မေးခွန်း ၅ ခု မေးမြန်းခဲ့ခြင်းဖြစ်ပါ သည်။
ပြည်သူ့လွှတ်တော်၊ ဒုတိယအကြိမ်ပထမပုံမှန်အစည်းအဝေးမှ ဒုတိယပုံမှန် အစည်းအဝေး ထိ ကြယ်ပွင့်ပြမေးခွန်း(နှုတ်ဖြေ)၊ ကြယ်ပွင့်ပြမေးခွန်း(စာဖြေ)တို့၏အရေအတွက်နှင့် ရက်ပေါင်း
၄။ ပြည်သူ့လွှတ်တော် ဒုတိယအကြိမ် ပထမပုံမှန်အစည်းအဝေးမှ ဒုတိယပုံမှန်အစည်းအဝေး ထိ ကြယ်ပွင့်ပြမေးခွန်း အရေအတွက်နှင့် ရက်ပေါင်းများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
ဒုတိယအကြိမ်ပြည်သူ့လွှတ်တော်ပထမပုံမှန်အစည်းအဝေးမှ ဒုတိယပုံမှန်အစည်းအဝေးထိ မေးခွန်းများ ဆောင်ရွက်ပြီးစီးမှုအခြေအနေ
ဒုတိယအကြိမ်ပြည်သူ့လွှတ်တော်ပထမပုံမှန်အစည်းအဝေးကာလအတွင်း ကြယ်ပွင့်ပြ မေးခွန်းများ မေးမြန်းခဲ့သည့် အမျိုးသမီးကိုယ်စားလှယ်ဦးရေ
၅။ ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်းများ မေးမြန်းခဲ့သည့် အမျိုးသမီးကိုယ်စားလှယ်ဦးရေများမှာ-
ဒုတိယအကြိမ်ပထမပုံမှန်အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်းများ မေးမြန်းခဲ့သည့် အမျိုးသမီး ကိုယ်စားလှယ်ဦးရေ (၁၆) ဦးမေးမြန်းခဲ့ကြောင်းတွေ့ရှိခဲ့ပါသည်။
ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်းများ မေးမြန်းခဲ့သည့် အမျိုးသမီးကိုယ်စားလှယ်ဦးရေများမှာ-
ဒုတိယအကြိမ် ဒုတိယပုံမှန်အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်းများ မေးမြန်းခဲ့သည့် အမျိုးသမီး ကိုယ်စားလှယ်ဦးရေ (၂၁) ဦးမေးမြန်းခဲ့ကြောင်းတွေ့ရှိခဲ့ပါသည်။
ဒုတိယအကြိမ်ပြည်သူ့လွှတ်တော်ပထမပုံမှန်အစည်းအဝေး ကာလအတွင်း ကြယ်ပွင့်ပြ မေးခွန်းများ မေးမြန်းခဲ့သည့် အမျိုးသားကိုယ်စားလှယ်ဦးရေ
၆။ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်းများ မေးမြန်းခဲ့သည့် အမျိုးသားကိုယ်စားလှယ်ဦးရေများမှာ-
သုံးသပ်ချက်
၃၂။ ယနေ့ခေတ်မြန်မာနိုင်ငံတွင် တရားဥပဒေစိုးမိုးရေးသည် ပြည်သူလူထုကြားတွင် ရေပန်း စားအသုံးများလျက်ရှိပါသည်။ လွှတ်တော်အတွင်း မေးခွန်းများနှင့် အဆိုများ၏ အရေအတွက် များပြားလာခြင်းသည် နိုင်ငံသားများ၏ အကျိုးစီးပွားနှင့်ပတ်သတ်၍ ပိုမိုဆွေးနွေးနှီးနှော တိုင်ပင်ရန် အခွင့်အလမ်းကောင်း တစ်ခုဖြစ်ပါသည်။ လွှတ်တော်ကိုယ်စားလှယ်များသည် မည်သည့် နိုင်ငံရေးပါတီနောက်ခံဖြင့် ရွေးကောက်တင်မြှောက်ခံရသည်ဖြစ်စေ၊ မည်သည့် တိုင်းရင်းသား လူမျိုးဖြစ်စေ လွှတ်တော်အတွင်းနေရာရရှိမှု အနည်းအများသည် ကိုယ်စားလှယ်များ ၏ကိုယ်စားပြုမှုကို ပြဌာန်းသည်မဟုတ်ဘဲ လွှတ်တော်အတွင်းတတ်ကြွစွာ အားထုတ်ဆောင် ရွက်မှုကသာ မိမိတို့၏သက်ဆိုင်ရာ မဲဆန္ဒနယ်များမှ မဲဆန္ဒရှင်များနှင့် နိုင်ငံသားများ ၏အကျိုးစီးပွားကို ဆောင်ရွက်သည့် သာဓကအချို့တွေ့ရှိရပါသည်။ လွှတ်တော် ကိုယ်စားလှယ်များအနေဖြင့် အရေ အတွက်နှင့် အင်အားစုကြီးမားခြင်း၊ နည်းပါးခြင်းကို ပဓာနမထားပဲ ဒီမိုကရေစီအလေ့အထနှင့် နိုင်ငံရေးလေ့ကျင့်ပျိုးထောင်မှုကောင်း ဖြစ်ပေါ်စေရန် ဆက်လက်အား ထုတ်သင့်ပါသည်ဟုသုံးသပ်ပါသည်။
နိဂုံး
၃၃။ ပြည်သူ့လွှတ်တော်တွင် ကြယ်ပွင့်ပြမေးခွန်း၊ အဆိုနှင့် ဥပဒေပြုရေး ဆွေးနွေးမှု စသည့် လွှတ်တော်ဆောင်ရွက်ချက်များတွင် ကိုယ်စားလှယ်များ၏ ပါဝင်နိုင်မှုကို ချဲ့ထွင်လာနိုင် ကြောင်း တွေ့ရှိရပါသည်။ သိသာသည့်အချက်မှာ တစ်ရက်တာအတွင်း မေးခွန်းများနှင့် အဆိုများ မေးမြန်းခြင်း၊ တင်သွင်းခြင်း၊ ဆွေးနွေးမှုများ အရေအတွက်အရ အားကောင်းစွာ တိုးတက် ပြောင်းလဲခဲ့သည်ကို တွေ့ရှိရခြင်းဖြစ်ပါသည်။ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် မိမိ တို့၏ မဲဆန္ဒနယ်နှင့် ပြည်ထောင်စုတစ်ဝှမ်းရှိ တိုင်းရင်းသားပြည်သူများ၏ အကျိုးစီးပွားကို ကိုယ်စားပြုနိုင်မည့် အဆိုများ ပိုမိုတင်သွင်းနိုင်ရန် မဲဆန္ဒရှင်ပြည်သူများနှင့် ဆက်ဆံရေးကို မြှင့်တင်ရန်ထိတွေ့မှု မြင့်မားလာစေမည့် နည်းလမ်းများ၊ သတင်းအချက် အလက်ရယူနိုင်မှု လမ်းကြောင်းများပိုမို ဖန်တီးအသုံးပြုရန် လိုအပ်ပါသည်။ ပြည်သူ့လွှတ်တော်၏ လုပ်ငန်းစဉ် များပွင့်လင်းမြင်သာမှုရှိစေပြီး အချက်အလက်များကို တတ်နိုင်သမျှ ပြည့်စုံအောင် လေ့လာ၍ သုတေသန စာတမ်းအားပြုစု တင်ပြထားပါသည်။
သတိပြုရန်
ဤသတင်းအချက်အလက်သည် လွှတ်တော်ကိုယ်စားလှယ်များအား ၎င်းတို့၏ လွှတ်တော်ဆိုင်ရာ တာဝန်များကို ဆောင်ရွက်ရာတွင် အထောက်အကူပြုရန်အတွက် ဖြစ်ပါသည်။ ပုဂ္ဂိုလ်ရေးဆိုင်ရာ ကိစ္စ တစ်စုံတစ်ခုအတွက် အသုံးပြုရန်မဟုတ်ပါ။ အချိန်နှင့်တပြေးညီ နောက်ဆုံးရသတင်းဖြစ်မည်ဟု သတ်မှတ် မထားသင့်ပါ။ ဤအချက်အလက်များအား တရားဝင် သို့မဟုတ် ပညာရှင်ဆိုင်ရာအကြံပေးချက်အဖြစ် မသတ်မှတ်သင့်ပါ။ အထူးအကြံပေးချက် သို့မဟုတ် သတင်းအချက်အလက်များလိုအပ်ပါက အရည် အသွေးပြည့်မီသော သင့်လျော်သည့် ကျွမ်းကျင်ပညာရှင်နှင့် ဆွေးနွေးတိုင်ပင်သင့်ပါသည်။ လွှတ်တော် သုတေသနဝန်ဆောင်မှုသည် စာတမ်းတိုများတွင် ပါဝင်သောအကြောင်းအရာများနှင့် စပ်လျဉ်း၍ လွှတ်တော် ကိုယ်စားလှယ်များ၊ လွှတ်တော်ဝန်ထမ်းများနှင့် ဆွေးနွေးမှုများ ပြုလုပ်ပေးနိုင်ပါသည်။ အများပြည်သူနှင့် ဆွေးနွေးမှုများ ပြုလုပ်ခြင်းမရှိပါ။
