ပြည်သူ့လွှတ်တော်၊ပညာရေးမြှင့်တင်မှုကော်မတီ ဥက္ကဋ္ဌ ဒေါက်တာတင်အောင် ဂျပန်နိုင်ငံ Toyo Eiwa Women’s College (TEWC) မှ Professor Mr. Saburo Takizawa ဦးဆောင်သည့် ကျောင်းသား/ကျောင်းသူများအဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်၊ ပညာရေးမြှင့်တင်မှုကော်မတီ ဥက္ကဋ္ဌ ဒေါက်တာတင်အောင်သည် ဂျပန်နိုင်ငံ Toyo Eiwa Women’s College (TEWC) မှ Professor Mr. Saburo Takizawa ဦးဆောင်သည့် ကျောင်းသား/ကျောင်းသူများအဖွဲ့အား ယနေ့ မွန်းလွဲ ၁ နာရီခွဲ အချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-13) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံရာတွင် ဂျပန်နိုင်ငံပညာရေးစနစ်ပြောင်းလဲနေမှု အခြေအနေများနှင့် မြန်မာနိုင်ငံ ပညာရေးစနစ် ပြောင်းလဲနေမှုများအား ရင်းနှီးပွင့်လင်းစွာ အပြန်အလှန် ဆွေးနွေးကြပြီး ကျောင်းသား၊ ကျောင်းသူများမှ ကျေးလက်ဒေသ ပညာရေးသင်ကြားမှုများ၊ ဘုန်းတော်ကြီးကျောင်းပညာရေး သင်ကြားမှုများ၊ တိုင်းရင်းသား ဘာသာစကားသင်ကြားမှုများ စသည့် မြန်မာနိုင်ငံ၏ ပညာရေး အခြေအနေများအား သိလိုသည်များကိုမေးမြန်းရာ ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ ပြန်လည် ရှင်းလင်း ဖြေကြားခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီဥက္ကဋ္ဌနှင့်အတူ  ကော်မတီ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၁၃ ရက်

Standard (Image)