ပြည်သူ့လွှတ်တော်၊ ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ဝင်း အသိဉာဏ်ပစ္စည်းဆိုင်ရာ လုပ်ငန်းရှင်များအသင်းအား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်၊ ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ဝင်းသည် အသိဉာဏ် ပစ္စည်းဆိုင်ရာ လုပ်ငန်းရှင်များအသင်းအား ယနေ့ နံနက် ၈ နာရီ အချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-2) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဖြည့်စွက်/ပြင်ဆင် သင့်သော အချက်အလက်များအား အသိဉာဏ်ပစ္စည်းဆိုင်ရာ လုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌ ဦးကျော်ကျော်ဝင်း၊ ဒုတိယဥက္ကဋ္ဌ ဦးသိန်းအောင်၊ အထွေထွေအတွင်းရေးမှူး ဒေါ်ခိုင်ခိုင်ဦးနှင့် အလုပ်အမှုဆောင် ဦးမိုးမင်းသူတို့မှ ရင်းနှီးပွင့်လင်းစွာ တင်ပြ ဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌနှင့်အတူ အတွင်းရေးမှူး ဦးကျော်စိုးလင်း နှင့် ကော်မတီအဖွဲ့ဝင်များ  တက်ရောက်ခဲ့ကြသည်။

၂၀၁၈ ခုနှစ်၊  သြဂုတ်လ ၈ ရက်

 

 

Standard (Image)