ပြည်သူ့လွှတ်တော်၊ ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ဝင်းနှင့် ပညာရေးမြှင့်တင်မှု ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာတင်အောင် တို့သည် ရန်ကုန်နိုင်ငံရေးသိပ္ပံကျောင်းအဖွဲ့အား ယနေ့ နံနက် ၈ နာရီ အချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-2) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံအခြေခံပညာရေးစနစ် ခိုင်မာအားကောင်းလာရေး နှင့်စပ်လျဉ်း၍ အခြေခံပညာရေးဥပဒေမူကြမ်းအား ရင်းနှီးပွင့်လင်းစွာ အကြံပြုတင်ပြ ဆွေးနွေး ခဲ့ကြပါသည်။
အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီဥက္ကဋ္ဌများနှင့်အတူ ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူး ဦးကျော်စိုးလင်း၊ ကော်မတီနှစ်ခုမှ ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၂ ရက်
Standard (Image)
