ပြည်သူ့လွှတ်တော်၊ လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကြည်မိုးနိုင် မြန်မာနိုင်ငံ ရေနံနှင့် သဘာဝဓာတ်ငွေ့ဝန်ဆောင်မှုအသင်း (MOGSS)အဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်၊ လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ ဦးကြည်မိုးနိုင်သည် မြန်မာနိုင်ငံ ရေနံနှင့်သဘာဝဓာတ်ငွေ့ဝန်ဆောင်မှုအသင်း (MOGSS) အဖွဲ့အား ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-8) အစည်းအဝေးခန်းမ၌ လက်ခံ တွေ့ဆုံသည်။

တွေ့ဆုံစဉ် ရေနံရှာဖွေတူးဖော်ထုတ်လုပ်မှုလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်ကောင်းမွန်လာစေရေးဆိုင်ရာကိစ္စရပ် များနှင့် ရေနံရှာဖွေတူးဖော်ထုတ်လုပ်ရေးကဏ္ဍတွင် အသုံးပြုနေသော ထုတ်လုပ်မှုအပေါ်ခွဲဝေခံစားရေး စာချုပ်များနှင့် ပတ်သက်သည့် ကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ တင်ပြဆွေးနွေးခဲ့ပါသည်။

အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီဥက္ကဋ္ဌနှင့်အတူ ကော်မတအတွင်းရေးမှူး ဦးစိုးမြင့် (ခ) ဦးအောင်ဇော်မြင့်နှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၁ ရက်

 

 

 

Standard (Image)