ပြည်သူ့လွှတ်တော်ကို ကိန်းဂဏန်းအခြေပြုချဉ်းကပ်ခြင်း သုတေသနစာတမ်း အမှတ် (၂)

 

ပြည်သူ့လွှတ်တော်ကို ကိန်းဂဏန်းအခြေပြုချဉ်းကပ်ခြင်း သုတေသနစာတမ်း အမှတ် (၂)

(ဒုတိယအကြိမ်၊ပြည်သူ့လွှတ်တော်တတိယပုံမှန်အစည်းအဝေးမှစတုတ္ထပုံမှန်အစည်းအဝေးထိ  
မေးခွန်းများနှင့် အဆိုများလေ့လာချက်

တတိယပုံမှန်အစည်းအဝေး    (၁၆.၁၁.၂၀၁၆ မှ ၂၁.၁၂.၂၀၁၆)  ထိ
စတုတ္ထပုံမှန်အစည်းအဝေး        ( ၃၀.၁.၂၀၁၇   မှ   ၁၇.၃.၂၀၁၇    )  ထိ

 

ပြည်သူ့လွှတ်တော်ကို ကိန်းဂဏန်းအခြေပြုချဉ်းကပ်ခြင်း သုတေသနစာတမ်းတို

နိဒါန်း
၁။     လွှတ်တော် (Parliament) သည် နိုင်ငံတစ်နိုင်ငံ၏ ဥပဒေပြုအာဏာရှိသော အဖွဲ့အစည်း ဖြစ်သည်။ မြန်မာနိုင်ငံ၏ ယနေ့ဥပဒေပြုရေးမဏ္ဏိုင်တွင် ပြည်သူ့လွှတ်တော်၏ အခန်းကဏ္ဍ သည်လည်း တစ်ထောင့်တစ်နေရာမှ ပါဝင်နေပါသည်။ ပြည်သူ့လွှတ်တော်ရုံး၏ သုတေသန အစီရင်ခံစာ စာတမ်းသည် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေးမှ စတုတ္ထပုံမှန်အစည်းအဝေးထိ မေးခွန်းများနှင့် အဆိုများကို လေ့လာချက်အစီရင်ခံစာများဖြစ်ရာ မေးခွန်းမေးမြန်းမှုနှင့်အဆိုတင်သွင်းမှုအခြေအနေမျာကို နေ့စဉ်သုတေသနပြု၍ လေ့လာထား ပါသည်။

ရည်ရွယ်ချက်
၂။     ပြည်သူ့လွှတ်တော်၏လုပ်ငန်းဆောင်ရွက်ချက်အဆင့်ဆင့်များအားသိရှိနားလည်စေရန်  နှင့် ဥပဒေပြုမှု၊ မေးခွန်းမေးမြန်းမှုနှင့် အဆို တင်သွင်းမှုတို့ကို ထိရောက်စွာ ဆောင်ရွက်နိုင်ခြင်း ရှိ/မရှိ တိုင်းတာနိုင်မည့် အကျိုးရလဒ်များ ထွက်ပေါ်လာမည်ဖြစ်သည်။ ပြည်သူ့လွှတ်တော်နှင့် ပတ်သက်သည့် သတင်းအချက်အလက်များ ၏ပမာဏ များပြားလာသည်နှင့်အမျှ လွယ်ကူစွာ ရှာဖွေမှီငြမ်းနိုင်ရန်အတွက် ကိန်းဂဏန်းများနှင့် ရည်ညွှန်းကိန်းများကို သုတေသနစာတမ်းတို အဖြစ် ပြုစုတင်ပြခြင်းဖြစ်ပါသည်။

တတိယပုံမှန်အစည်းအဝေးမှစတုတ္ထပုံမှန်အစည်းအဝေးထိ မေးမြန်းတင်သွင်းသောမေးခွန်းများ ကိုလေ့လာခြင်း
၃။    တတိယပုံမှန်အစည်းအဝေးကို ၂၀၁၆ ခုနှစ် နိုဝင်ဘာလ (၁၆) ရက်နေ့မှ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ (၂၁) ရက်နေ့အထိ (၁၉) ရက်ကြာ ကျင်းပခဲ့ပါသည်။ တတိယပုံမှန်အစည်းအဝေးအတွင်း ကြယ်ပွင့်ပြ မေးခွန်းပေါင်း (၁၁၇) ခု မေးမြန်းခဲ့ သည့်အတွက် ထိုကာလအတွင်း ပျမ်းမျှအားဖြင့်တစ်ရက်လျှင် မေးခွန်း (၆) ခု မေးမြန်းခဲ့ခြင်း ဖြစ်ပါသည်။ စတုတ္ထပုံမှန်အစည်းအဝေးကို ၂၀၁၇ ခုနှစ် ဇန်နဝါရီလ (၃၀) ရက်နေ့မှ ၂၀၁၇ ခုနှစ် မတ်လ (၁၇) ရက်နေ့ထိ (၁၉) ရက်ကြာ ကျင်းပခဲ့ပါသည်။ စတုတ္ထပုံမှန်အစည်းအဝေးအတွင်း ကြယ်ပွင့်ပြမေးခွန်းပေါင်း (၉၂) ခု မေးမြန်းခဲ့သည့် အတွက် ထိုကာလအတွင်း ပျမ်းမျှအားဖြင့် တစ်ရက်လျှင် မေးခွန်း (၅)ခု မေးမြန်းခဲ့ခြင်း ဖြစ်ပါသည်။

တတိယပုံမှန်အစည်းအဝေးမှ စတုတ္ထပုံမှန်အစည်းအဝေးထိ ကြယ်ပွင့်ပြမေးခွန်း(နှုတ်ဖြေ)၊ ကြယ်ပွင့်ပြမေးခွန်း(စာဖြေ)တို့၏အရေအတွက်နှင့် ရက်ပေါင်း
၄။    တတိယပုံမှန်အစည်းအဝေးမှ စတုတ္ထပုံမှန်အစည်းအဝေးထိ ကြယ်ပွင့်ပြမေးခွန်း အရေအတွက်နှင့်ရက်ပေါင်းများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

တတိယပုံမှန်အစည်းအဝေးမှ စတုတ္ထပုံမှန်အစည်းအဝေးထိ  မေးခွန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေ-

တတိယပုံမှန်အစည်းအဝေးကာလအတွင်း ကြယ်ပွင့်ပြ မေးခွန်းများ မေးမြန်းခဲ့သည့် အမျိုးသမီးကိုယ်စားလှယ်ဦးရေ
၅။    တတိယပုံမှန်အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်း များမေးမြန်းခဲ့သည့် အမျိုးသမီး ကိုယ်စားလှယ်ဦးရေမှာ-

တတိယပုံမှန်အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်းများ မေးမြန်းခဲ့သည့် အမျိုးသမီး   ကိုယ်စားလှယ်ဦးရေ ( ၁၁) ဦး မေးမြန်းခဲ့ကြောင်းတွေ့ရှိခဲ့ပါသည်။

စတုတ္ထပုံမှန်အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်းများမေးမြန်းခဲ့သည့် အမျိုးသမီးကိုယ်စားလှယ် ဦးရေမှာ-

စတုတ္ထပုံမှန်အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်းများ မေးမြန်းခဲ့သည့် အမျိုးသမီးကိုယ်စားလှယ် ဦးရေ ( ၁၁) ဦး မေးမြန်းခဲ့ကြောင်းတွေ့ရှိခဲ့ပါသည်။

ကြယ်ပွင့်ပြမေးခွန်းများကိုမေးမြန်းခဲ့သည့် အမျိုးသားနှင့် အမျိုးသမီးကိုယ်စားလှယ်များစာရင်း

တတိယပုံမှန်အစည်းအဝေး ကာလအတွင်း ကြယ်ပွင့်ပြ မေးခွန်းများ မေးမြန်းခဲ့သည့် အမျိုးသားကိုယ်စားလှယ်ဦးရေ

၆။    တတိယပုံမှန်အစည်းအဝေး ကာလအတွင်း ကြယ်ပွင့်ပြ မေးခွန်းများ မေးမြန်းခဲ့သည့် အမျိုးသားကိုယ်စားလှယ်ဦးရေမှာ -

စတုတ္ထပုံမှန်အစည်းအဝေး ကာလအတွင်း ကြယ်ပွင့်ပြ မေးခွန်းများ မေးမြန်းခဲ့သည့် အမျိုးသားကိုယ်စားလှယ်ဦးရေ

၇။    စတုတ္ထပုံမှန်အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်းများ မေးမြန်းခဲ့သည့် အမျိုးသား ကိုယ်စားလှယ်ဦးရေမှာ-

တတိယပုံမှန်အစည်းအဝေးမှ စတုတ္ထပုံမှန်အစည်းအဝေးထိ မေးမြန်းခဲ့သော ကြယ်ပွင့်ပြနှုတ်ဖြေ မေးခွန်းအရေအတွက်နှင့် ကျင်းပသည့်ရက်ပေါင်းနှင့် ပျမ်းမျှ နှိုင်းယှဉ်ချက်

၈။    ကြယ်ပွင့်ပြနှုတ်ဖြေမေးခွန်းအရေအတွက်နှင့် ကျင်းပသည့်ရက်ပေါင်းတို့၏ ပျမ်းမျှနှိုင်းယှဉ် ချက်မှာ အောက်ပါအတိုင်းဖြစ်ပါသည်-

တတိယပုံမှန်အစည်းအဝေးမှ စတုတ္ထပုံမှန်အစည်းအဝေးထိ မေးမြန်းဖြေကြားခဲ့သည့် ကြယ်ပွင့်ပြမေးခွန်း အရေအတွက်ကို ကျား-မ အလိုက်ခွဲခြား လေ့လာသည့်ဇယား-

၉။    တတိယပုံမှန်အစည်းအဝေးတွင် မေးမြန်းခဲ့သည့် မေးခွန်းပေါင်း (၁၁၇) ခုအနက် အမျိုးသားကိုယ်စားလှယ်များမှ မေးခွန်း (၁၀၂) ခုကို  မေးမြန်းခဲ့ကြပါသည်။ အမျိုးသမီးကိုယ်စား လှယ်များမှ မေးခွန်း(၁၅) ခုကိုမေးမြန်းခဲ့ပါသည်။ အမျိုးသား ကိုယ်စားလှယ်များသည် မေးခွန်း အားလုံး၏ (၈၇) ရာခိုင်နှုန်းကို မေးမြန်းခဲ့ကြပြီး အမျိုးသမီးကိုယ်စားလှယ်များသည် မေးခွန်း အားလုံး၏  (၁၃) ရာခိုင်နှုန်းကို မေးမြန်းနိုင်ခဲ့ ကြောင်းတွေ့ရှိရပါသည်။
စတုတ္ထပုံမှန်အစည်းအဝေးတွင် မေးမြန်းခဲ့သည့် မေးခွန်းပေါင်း (၉၂) ခုအနက် အမျိုးသားကိုယ်စားလှယ်များမှမေးခွန်း (၇၈) ခု  မေးမြန်းခဲ့ကြပါသည်။ အမျိုးသမီးကိုယ်စားလှယ် များမှ မေးခွန်း(၁၄)ခု မေးမြန်းခဲ့ပါသည်။ အမျိုးသားကိုယ်စားလှယ်များသည် မေးခွန်းအားလုံး၏  (၈၅) ရာခိုင်နှုန်းကို မေးမြန်းခဲ့ ကြခြင်းဖြစ်ပြီး အမျိုးသမီးကိုယ်စားလှယ်များသည် မေးခွန်း အားလုံး၏ (၁၅) ရာခိုင်နှုန်းကို မေးမြန်းနိုင်ခဲ့ကြောင်း တွေ့ရှိရပါသည်။

ဒုတိယအကြိမ်၊ ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေးမှ စတုတ္ထပုံမှန် အစည်းအဝေးထိ  မေးခွန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေ-

ကြယ်ပွင့်ပြမေးခွန်းမေးမြန်းသော လွှတ်တော်ကိုယ်စားလှယ်များ၏ ကိုယ်စားပြုနိုင်ငံရေးပါတီကိုလေ့လာခြင်း

၁၀။    ကြယ်ပွင့်ပြမေးခွန်းမေးမြန်းသော လွှတ်တော်ကိုယ်စားလှယ်များ၏ကိုယ်စားပြုနိုင်ငံရေး ပါတီများမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

ကြယ်ပွင့်ပြမေးခွန်းမေးမြန်းသော လွှတ်တော်ကိုယ်စားလှယ်များ၏ ကိုယ်စားပြုနိုင်ငံရေးပါတီ အခြေအနေပြပုံ-

အဆိုများကို လေ့လာခြင်း
၁၁။    ဒုတိယအကြိမ်၊ ပြည်သူ့လွှတ်တော် တတိယပုံမှန်စည်းအဝေးကို ၂၀၁၆ ခုနှစ် နိုဝင်ဘာလ (၁၆) ရက် မှ ၂၀၁၆ခုနှစ် ဒီဇင်ဘာလ (၂၁) ရက်နေ့ ရက်ပေါင်းအထိ (၁၉) ရက် ကျင်းပခဲ့ပြီး မှတ်တမ်းတင်(ရိုးရိုး) အဆို (၅) ခု နှင့် မှတ်တမ်းတင်(အရေးကြီး) အဆို (၁) ခု မှတ်တမ်းတင် ခဲ့ပါသည်။

စတုတ္ထပုံမှန်အစည်းအဝေးကို ၂၀၁၇ ခုနှစ် ဇန်နဝါရီလ (၃၀) ရက် မှ ၂၀၁၇ ခုနှစ် မတ်လ (၁၇) ရက်နေ့အထိ ရက်ပေါင်း (၁၉) ရက် ကျင်းပခဲ့ပြီး အတည်ပြု (ရိုးရိုး) အဆို (၆) ခုနှင့် မှတ်တမ်းတင် (ရိုးရိုး) အဆို (၅) ခု ရှိပါသည်။

တတိယပုံမှန်အစည်းအဝေးမှစတုတ္ထပုံမှန်အစည်းအဝေးထိ   အဆိုတင်သွင်းမှုကို လေ့လာခြင်း
၁၂။    တတိယပုံမှန်အစည်းအဝေးတွင် တင်သွင်းအဆို (၆) ခု အနက် မှတ်တမ်းတင်ရိုးရိုးအဆို (၅) ခု၊ မှတ်တမ်းတင်အရေးကြီးအဆို (၁)ခု ရှိခဲ့ပါသည်။ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေးတွင် တင်သွင်း အဆို (၁၁) ခုအနက် အတည်ပြုရိုးရိုးအဆို(၆) ခုနှင့် မှတ်တမ်းတင် ရိုးရိုးအဆို(၅) ခု ရှိခဲ့ပါသည်-

တတိယပုံမှန်အစည်းအဝေးမှစတုတ္ထပုံမှန်အစည်းအဝေးထိအဆိုတင်သွင်းခဲ့သည့်အဆိုအရေအတွက် နှင့်ရက်အလိုက် ပျမ်းမျှအဆိုအရေအတွက် နှိုင်းယှဉ်ချက်

၁၃။    တတိယပုံမှန်အစည်းအဝေးမှ စတုတ္ထပုံမှန်အစည်းအဝေး ထိ အဆိုတင်သွင်းခဲ့သည့် အဆို   အရေအတွက်နှင့် ရက်အလိုက်ပျမ်းမျှအဆိုအရေအတွက် နှိုင်းယှဉ်ချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါ သည်-

တတိယပုံမှန်အစည်းအဝေးအတွင်း အဆိုပေါင်း (၆) ခု တင်သွင်းခဲ့ပြီး အစည်းအဝေး  ရက်ပေါင်း (၁၉) ရက်ရှိသည့်အတွက် အစည်းအဝေး (၄) ရက်တွင် အဆိုတစ်ခုနှုန်း တင်သွင်းခဲ့ ခြင်းဖြစ်ကြောင်း တွေ့ရသည်။

စတုတ္ထပုံမှန်အစည်းအဝေးအတွင်း အဆိုပေါင်း (၁၁) ခုတင်သွင်းခဲ့ပြီး အစည်းအဝေးရက်ပေါင်း (၁၉) ရက်ရှိသည့်အတွက် အစည်းအဝေး (၂) ရက်တွင် အဆိုတစ်ခုနှုန်း တင်သွင်းခဲ့ခြင်းဖြစ်ကြောင်း တွေ့ရှိရပါသည်။

တတိယပုံမှန်အစည်းအဝေးများတွင် မှတ်တမ်းတင်အဆို ဆွေးနွေးသောလွှတ်တော်ကိုယ်စားလှယ်များ
၁၄။     တတိယပုံမှန်အစည်းအဝေးတွင် မှတ်တမ်းတင် အဆို ဆွေးနွေးသော လွှတ်တော်ကိုယ်စားလှယ် များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

ဒုတိယအကြိမ်၊ ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေးတွင် မှတ်တမ်းတင် အဆိုများ-

စတုတ္ထပုံမှန်အစည်းအဝေးတွင် အတည်ပြုအဆို ဆွေးနွေးသော လွှတ်တော်ကိုယ်စားလှယ်များ

၁၅။ စတုတ္ထပုံမှန်အစည်းအဝေးများတွင် အတည်ပြုအဆို ဆွေးနွေးသော လွှတ်တော်ကိုယ်စားလှယ် များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

ဒုတိယအကြိမ်၊ ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးတွင် အတည်ပြုအဆိုများ

စတုတ္ထပုံမှန်အစည်းအဝေးတွင် မှတ်တမ်းတင်အဆို ဆွေးနွေးသော လွှတ်တော်ကိုယ်စားလှယ်များ

၁၆။      စတုတ္ထပုံမှန်အစည်းအဝေးများတွင် မှတ်တမ်းတင်အဆို ဆွေးနွေးသော လွှတ်တော်ကိုယ်စားလှယ် များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

ဒုတိယအကြိမ်၊ ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးတွင် မှတ်တမ်းတင်အဆိုများ-

တတိယပုံမှန်အစည်းအဝေးမှ စတုတ္ထပုံမှန်အစည်းအဝေးထိ ပြည်သူ့လွှတ်တော်အတွင်း  အဆိုတင်သွင်း ဆွေးနွေးမှုများအား နှိုင်းယှဉ်လေ့လာခြင်း

၁၇။    တတိယပုံမှန်အစည်းအဝေးမှ စတုတ္ထပုံမှန်အစည်းအဝေးထိ   လွှတ်တော်ကိုယ်စားလှယ်များ၏ အဆိုတင်သွင်းဆွေးနွေးမှုများကို လေ့လာရာတွင်  အဆိုရှင် လွှတ်တော်ကိုယ်စားလှယ်များ၏ ကျား-မ ဖြစ်မှုကို လေ့လာခြင်း၊ တိုင်းရင်းသား ဖြစ်မှုကို လေ့လာခြင်း၊ ကိုယ်စားပြုနိုင်ငံရေးပါတီ ကိုလေ့လာခြင်း၊ ကိုယ်စားပြုဒေသအလိုက်လေ့လာခြင်း အမျိုးအစားများကို သုတေသနပြုလုပ်၍ လေ့လာထားပါသည်။

အဆိုတင်သွင်းဆွေးနွေးသော လွှတ်တော်ကိုယ်စားလှယ်များ၏ တိုင်းရင်းသားဖြစ်မှုကိုလေ့လာခြင်း
၁၈။    တတိယပုံမှန်အစည်းအဝေးအတွင်းအဆို တင်သွင်းဆွေးနွေးခဲ့သောတိုင်းရင်းသား  လွှတ်တော် ကိုယ်စားလှယ် များမှာ  ဗမာတိုင်းရင်းသား (၅၆) ဦး၊ ရခိုင်တိုင်းရင်းသား (၄) ဦး၊ ရှမ်းတိုင်းရင်းသား (၃) ဦး၊ ကချင်တိုင်းရင်းသား (၂) ဦး၊ ကရင်တိုင်းရင်းသား (၃) ဦး၊ ကယားတိုင်းရင်းသား (၂) ဦး၊ ချင်းတိုင်းရင်းသား (၂) ဦး၊ မွန်တိုင်းရင်းသား (၁) ဦး၊ ပအိုဝ်းတိုင်းရင်းသား (၂) ဦး၊ ကယန်းတိုင်းရင်းသား (၂) ဦး  စုစုပေါင်း (၇၇) ဦး အဆိုတင်သွင်း/ဆွေးနွေးခဲ့ပါသည်။
    စတုတ္ထပုံမှန်အစည်းအဝေးအတွင်း အဆိုတင်သွင်းဆွေးနွေးခဲ့သော တိုင်းရင်းသား    လွှတ်တော်ကိုယ်စားလှယ်များမှာ ဗမာတိုင်းရင်းသား (၁၁၀) ဦး၊ ရခိုင်တိုင်းရင်းသား (၇) ဦး၊ ရှမ်းတိုင်းရင်းသား (၅) ဦး၊ ကချင်တိုင်းရင်းသား (၃) ဦး၊ ကရင်တိုင်းရင်းသား (၄) ဦး၊ ကယားတိုင်းရင်းသား (၁) ဦး၊ ချင်းတိုင်းရင်းသား(၅) ဦး၊ မွန်တိုင်းရင်းသား (၃) ဦး၊ ပအိုဝ်းတိုင်းရင်းသား (၃) ဦး၊ ကယန်းတိုင်း ရင်းသား (၂) ဦး၊ စုစုပေါင်း (၁၄၃) ဦး အဆိုတင်သွင်း/ဆွေးနွေးခဲ့ပါသည်။

တတိယပုံမှန်အစည်းအဝေးမှ စတုတ္ထပုံမှန်အစည်းအဝေး အထိ အဆိုတင်သွင်းဆွေးနွေးခဲ့သော လွှတ်တော်ကိုယ်စားလှယ်များ၏ တိုင်းရင်းသားအလိုက် အဆိုတင်သွင်းမှု-

ဒုတိယအကြိမ်၊ ပြည်သူ့လွှတ်တော်  တတိယပုံမှန်အစည်းအဝေးမှ စတုတ္ထပုံမှန်အစည်းအဝေး အထိ တိုင်းရင်းသားအလိုက် အဆိုတင်သွင်းဆွေးနွေးမှု အခြေအနေပြခြင်း-

အဆိုတင်သွင်းဆွေးနွေးသော လွှတ်တော်ကိုယ်စားလှယ်များ၏ ကိုယ်စားပြုနိုင်ငံရေးပါတီကိုလေ့လာခြင်း

၁၉။    ဒုတိယအကြိမ်၊ ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေးအတွင်း အဆိုတင်သွင်း ဆွေးနွေးသော ကိုယ်စားပြုနိုင်ငံရေးပါတီများမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ (၆၂) ဦး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ (၅) ဦး၊ ရခိုင်အမျိုးသားပါတီမှ (၃) ဦး၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ (၁) ဦး၊ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်ပါတီမှ (၁) ဦး၊ ကချင်ပြည်နယ်ဒီမိုကရေစီပါတီမှ (၁) ဦး၊ တပ်မတော်သားကိုယ်စားလှယ်မှ (၄) ဦး စုစုပေါင်း (၇၇) ဦး တင်သွင်း/ဆွေးနွေးခဲ့ပါသည်။
    ဒုတိယအကြိမ်၊ ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးအတွင်း အဆိုတင်သွင်း ဆွေးနွေးသောကိုယ်စားပြုနိုင်ငံရေးပါတီများမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ (၁၂၂) ဦး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ (၇) ဦး၊ ရခိုင်အမျိုးသားပါတီမှ (၆) ဦး၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ(၁) ၊ ကချင်ပြည်နယ်ဒီမိုကရေစီပါတီမှ (၁) ဦး၊ တပ်မတော်သား ကိုယ်စားလှယ်မှ (၆) ဦး စုစုပေါင်း (၁၄၃) ဦး တင်သွင်း/ဆွေးနွေးခဲ့ပါသည်။

တတိယပုံမှန်အစည်းအဝေးမှ စတုတ္ထပုံမှန်အစည်းအဝေးထိ အဆိုတင်သွင်းဆွေးနွေးသော လွှတ်တော် ကိုယ်စားလှယ်များ၏ ကိုယ်စားပြုနိုင်ငံရေး ပါတီကို လေ့လာခြင်း
၂၀။    တတိယပုံမှန်အစည်းအဝေးမှ စတုတ္ထပုံမှန်အစည်းအဝေး ထိအဆိုတင်သွင်းဆွေးနွေးသော လွှတ်တော်ကိုယ်စားလှယ်များ၏ ကိုယ်စားပြုနိုင်ငံရေးပါတီများမှာ-

တတိယပုံမှန်အစည်းအဝေးမှ စတုတ္ထပုံမှန်အစည်းအဝေးထိ အဆိုတင်သွင်းဆွေးနွေးသော လွှတ်တော်ကိုယ်စားလှယ် များ၏ ကိုယ်စားပြုနိုင်ငံရေးပါတီ အခြေအနေပြခြင်း-

တတိယပုံမှန်အစည်းအဝေးမှ စတုတ္ထပုံမှန်အစည်းအဝေး အထိလွှတ်တော်ကိုယ်စားလှယ်များ၏ ကိုယ်စားပြုဒေသအလိုက် အဆိုတင်သွင်းဆွေးနွေးမှု

၂၁။     တတိယပုံမှန်အစည်းအဝေးမှ စတုတ္ထပုံမှန်အစည်းအဝေး အထိ လွှတ်တော်ကိုယ်စားလှယ်များ၏ ကိုယ်စားပြုဒေသအလိုက် အဆိုတင်သွင်းဆွေးနွေးမှု အခြေအနေ ပြဇယား-

တတိယပုံမှန်အစည်းအဝေး မှ စတုတ္ထပုံမှန်အစည်းအဝေး အထိ လွှတ်တော်ကိုယ်စားလှယ်များ၏ ကိုယ်စားပြုဒေသအလိုက် အဆိုတင်သွင်းဆွေးနွေးမှု အခြေအနေပြခြင်း-

တတိယပုံမှန်အစည်းအဝေးမှ စတုတ္ထပုံမှန်အစည်းအဝေးထိ တင်သွင်းသောအဆိုများအပေါ် အဆုံးအဖြတ်ပြုခြင်း-

ဒုတိယအကြိမ်၊ ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေးမှ စတုတ္ထပုံမှန်အစည်းအဝေးထိ အဆိုများဆောင်ရွက်ပြီးစီးမှုအခြေအနေ

အဆို ဆွေးနွေးမှုများအား လေ့လာခြင်း

၂၂။     တတိယပုံမှန်အစည်းအဝေးအတွင်း အဆိုတင်သွင်း ရာတွင်  မှတ်တမ်းတင်(ရိုးရိုး) အဆို (၅) ခုနှင့် မှတ်တမ်းတင်(အရေးကြီး) အဆို (၁) ခုကို ပြည်သူ့လွှတ်တော်တွင် မှတ်တမ်းတင် ထားပါသည်။ စုစုပေါင်းအဆို (၆) ခု အပေါ်ဝိုင်းဝန်းဆွေးနွေးကြ သည့် လွှတ်တော်ကိုယ်စားလှယ် (၇၇) ဦး ပါဝင်ဆွေးနွေးခဲ့ကြပါသည်။
စတုတ္ထပုံမှန်အစည်းအဝေးအတွင်း အဆိုတင်သွင်း ရာတွင် မှတ်တမ်းတင်(ရိုးရိုး) အဆို(၅) ခုနှင့် အတည်ပြု(ရိုးရိုး) အဆို (၆) ခုကို တွေ့ရှိရပါသည်။ စုစုပေါင်း အဆို (၁၁) ခုအပေါ်  ဝိုင်းဝန်းဆွေးနွေးကြသည့် လွှတ်တော်ကိုယ်စားလှယ် (၁၄၃) ဦး  ပါဝင်ဆွေးနွေးခဲ့ကြပါသည်။

သုံးသပ်ချက်
၂၃။   ယနေ့ခေတ်မြန်မာနိုင်ငံတွင် တရားဥပဒေစိုးမိုးရေးသည် ပြည်သူလူထုကြားတွင် ရေပန်းစားအသုံးများလျက်ရှိပါသည်။ လွှတ်တော်အတွင်း မေးခွန်းများနှင့် အဆိုများ၏ အရေအတွက် များပြားလာခြင်းသည် နိုင်ငံသားများ၏ အကျိုးစီးပွားနှင့်ပတ်သက်၍ ပိုမိုဆွေးနွေးနှီးနှော တိုင်ပင်ရန် အခွင့်အလမ်းကောင်းတစ်ခုဖြစ်ပါသည်။ လွှတ်တော်ကိုယ်စားလှယ် များသည် မည်သည့် နိုင်ငံရေးပါတီနောက်ခံဖြင့် ရွေးကောက်တင်မြှောက်ခံ ရသည်ဖြစ်စေ၊ မည်သည့်တိုင်းရင်းသား လူမျိုး ဖြစ်စေ လွှတ်တော်အတွင်း နေရာရရှိမှု အနည်းအများသည် ကိုယ်စားလှယ်များ၏ကိုယ်စားပြုမှုကို ပြဌာန်းသည်မဟုတ်ဘဲ လွှတ်တော်အတွင်းတတ်ကြွစွာ အားထုတ်ဆောင်ရွက်မှုကသာ မိမိတို့၏ သက်ဆိုင်ရာ မဲဆန္ဒနယ်များမှ မဲဆန္ဒရှင်များနှင့် နိုင်ငံသားများ၏အကျိုးစီးပွားကို ဆောင်ရွက် သည့်သာဓကအချို့ တွေ့ရှိရပါသည်။ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် အရေအတွက်နှင့် အင်အားစုကြီးမားခြင်း၊ နည်းပါးခြင်း ကို ပဓာနမထားပဲ ဒီမိုကရေစီအလေ့အထနှင့် နိုင်ငံရေး လေ့ကျင့်ပျိုးထောင်မှုကောင်း ဖြစ်ပေါ်စေရန် ဆက်လက်အား ထုတ်သင့်ပါသည်ဟုသုံးသပ်ပါသည်။

နိဂုံး
၂၄။    ပြည်သူ့လွှတ်တော်တွင် ကြယ်ပွင့်ပြမေးခွန်း၊ အဆိုနှင့် ဥပဒေပြုရေး ဆွေးနွေးမှု စသည့် လွှတ်တော်ဆောင်ရွက်ချက်များတွင် ကိုယ်စားလှယ်များ၏ ပါဝင်နိုင်မှုကို ချဲ့ထွင်လာနိုင်ကြောင်း တွေ့ရှိရပါသည်။ သိသာသည့်အချက်မှာ တစ်ရက်တာအတွင်း မေးခွန်းများနှင့် အဆိုများ မေးမြန်းခြင်း၊ တင်သွင်းခြင်း၊ ဆွေးနွေးမှုများ အရေအတွက်အရ အားကောင်းစွာ တိုးတက် ပြောင်းလဲခဲ့သည်ကို တွေ့ရှိရခြင်းဖြစ်ပါသည်။လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့်မိမိတို့၏ မဲဆန္ဒနယ်နှင့် ပြည်ထောင်စုတစ်ဝှမ်းရှိ တိုင်းရင်းသားပြည်သူများ၏ အကျိုးစီးပွားကို ကိုယ်စားပြုနိုင်မည့်အဆိုများ ပိုမိုတင်သွင်းနိုင်ရန် မဲဆန္ဒရှင်ပြည်သူများနှင့် ဆက်ဆံရေးကို မြှင့်တင်ရန်ထိတွေ့မှု မြင့်မားလာစေမည့် နည်းလမ်းများ၊ သတင်းအချက် အလက်ရယူနိုင်မှု လမ်းကြောင်းများပိုမို ဖန်တီးအသုံးပြုရန် လိုအပ်ပါသည်။ ပြည်သူ့လွှတ်တော်၏ လုပ်ငန်းစဉ် များပွင့်လင်းမြင်သာမှုရှိစေပြီး အချက်အလက်များကို တတ်နိုင်သမျှ ပြည့်စုံအောင် လေ့လာ၍ သုတေသနစာတမ်းအား ပြုစုတင်ပြထားပါသည်။

သတိပြုရန်

ဤသတင်းအချက်အလက်သည် လွှတ်တော်ကိုယ်စားလှယ်များအား ၎င်းတို့၏ လွှတ်တော်ဆိုင်ရာ တာဝန်များကို ဆောင်ရွက်ရာတွင် အထောက်အကူပြုရန်အတွက် ဖြစ်ပါသည်။ ပုဂ္ဂိုလ်ရေးဆိုင်ရာ ကိစ္စ တစ်စုံတစ်ခုအတွက် အသုံးပြုရန်မဟုတ်ပါ။ အချိန်နှင့်တပြေးညီ နောက်ဆုံးရသတင်းဖြစ်မည်ဟု သတ်မှတ် မထားသင့်ပါ။ ဤအချက်အလက်များအား တရားဝင် သို့မဟုတ် ပညာရှင်ဆိုင်ရာအကြံပေးချက်အဖြစ် မသတ်မှတ်သင့်ပါ။ အထူးအကြံပေးချက် သို့မဟုတ် သတင်းအချက်အလက်များလိုအပ်ပါက အရည်  အသွေးပြည့်မီသော သင့်လျော်သည့် ကျွမ်းကျင်ပညာရှင်နှင့် ဆွေးနွေးတိုင်ပင်သင့်ပါသည်။ လွှတ်တော် သုတေသနဝန်ဆောင်မှုသည် စာတမ်းတိုများတွင် ပါဝင်သောအကြောင်းအရာများနှင့် စပ်လျဉ်း၍ လွှတ်တော် ကိုယ်စားလှယ်များ၊ လွှတ်တော်ဝန်ထမ်းများနှင့် ဆွေးနွေးမှုများ ပြုလုပ်ပေးနိုင်ပါသည်။ အများပြည်သူနှင့် ဆွေးနွေးမှုများ ပြုလုပ်ခြင်းမရှိပါ။

Standard (Image)