ပြည်သူ့လွှတ်တော်၊ ဘဏ်များနှင့် ငွေကြေးဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်ခင်စန်းလှိုင် သည် China Eximbank မှ Ms. Wen Hong ဦးဆောင်သောအဖွဲ့အား ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာ အဆောင်အမှတ် (I-7) အစည်းအဝေး ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍ၊ လျှပ်စစ်ကဏ္ဍ၊ လမ်းတံတား ကဏ္ဍ စသည့် ကဏ္ဍပေါင်းစုံအတွက် ချေးငွေ ထောက်ပံ့ပေးခြင်း ဆောင်ရွက်လျက်ရှိသည့် ကိစ္စရပ်များ၊ Micro Finance Project (အသေးစားချေးငွေလုပ်ငန်း) နှင့်ပတ်သက်၍ တရုတ်-မြန်မာ နှစ်နိုင်ငံ အကျိုးတူပူးပေါင်း ဆောင်ရွက်သွားမည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး ခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီဥက္ကဋ္ဌနှင့်အတူ ကော်မတီအတွင်းရေးမှူး ဦးတင်ထွန်းနိုင် လည်း တက်ရောက်ခဲ့ကြသည်။
၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၁၂ ရက်
