ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ လွှတ်တော်များဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရေးအဖွဲ့ (JCC) ဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန် Department for International Development-DFID အဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ လွှတ်တော်များဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ရေးအဖွဲ့ (JCC) ဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန် သည် Department for International Development-DFID မှ Mr. Joe Rolling ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ၊ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌရုံးခန်း၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် DFID အနေဖြင့် မြန်မာလွှတ်တော်များ၏ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် အရှိန်အဟုန်မြှင့်ဆောင်ရွက်သွားနိုင်ရေး၊ လွှတ်တော်ကိုယ်စားလှယ်များ နှင့် လွှတ်တော်ဝန်ထမ်းများ၏ လုပ်ငန်းခွင်စွမ်းဆောင်ရည် တိုးတက်မြင့်မားရေးဆိုင်ရာ အကူအညီများပေးနိုင်ရေး၊ လွှတ်တော်များ၏ သုတေသနလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး၊   လွှတ်တော်ကော်မတီများ ပိုမိုအားကောင်းခိုင်မာ လာစေရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်းပြီး ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌနှင့်အတူ လွှတ်တော်များ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ (JCC) အဖွဲ့ဝင်များ ဖြစ်ကြသော ဒေါ်အေးအေးမူ၊ ဦးတင်အောင်ချို နှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၅ ရက်

 

Standard (Image)