ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်သည် National Democratic Institute (NDI) ဥက္ကဋ္ဌ Mr. Kenneth Wollack အား ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ ပြည်သူ့လွှတ်တော်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံ ဒီမိုကရေစီစနစ် ပြုပြင်ပြောင်းလဲမှုတွင် လွှတ်တော် လုပ်ငန်းစဉ်များ ခိုင်မာအားကောင်းလာစေရေးအတွက် ကူညီဆောင်ရွက်နေသည့် ကိစ္စရပ်များ၊ ဥပဒေပြုရေးဆိုင်ရာကိစ္စရပ်များ၊ လွှတ်တော် ကိုယ်စားလှယ်များနှင့် ဝန်ထမ်းများ အရည်အသွေးမြင့်မားရေးအတွက် အကူအညီပေးနေမှုများနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ နှင့်အတူ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဌ ဦးထွန်းထွန်းဟိန် နှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
၂၀၁၈ ခုနှစ်၊ ဇွန်လ ၂၆ ရက်
