ပြည်သူ့လွှတ်တော်၊လျှပ်စစ်နှင့်စွမ်းအင် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကြည်မိုးနိုင်၊ ရင်းနှီးမြှုပ်နှံမှုနှင့် စက်မှုလက်မှု ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဝင်းသိန်းဇော်တို့သည် Chemonics International အဖွဲ့အစည်းအား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်၊ လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကြည်မိုးနိုင်နှင့် ရင်းနှီးမြှုပ်နှံမှုနှင့်စက်မှုလက်မှု ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဝင်းသိန်းဇော်တို့သည် Chemonics International အဖွဲ့အစည်းအား ယနေ့ မွန်းလွဲ ၂ နာရီ အချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-8) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် USAID ၏ ငွေကြေးထောက်ပံ့မှုဖြင့် စီးပွားရေးပြုပြင်ပြောင်းလဲမှုများတွင် မူဝါဒပိုင်းဆိုင်ရာများ၊ အသေးစားချေးငွေလုပ်ငန်းများ၊ စွမ်းအင်ထုတ်လုပ်မှုလုပ်ငန်းများ စသည့် လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံနိုင်ရန် ကိစ္စရပ်များနှင့် နည်းပညာပိုင်းဆိုင်ရာ အကူအညီ ပေးနိုင်ရေး ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ တင်ပြဆွေးနွေးခဲ့ပါသည်။

အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီ ဥက္ကဋ္ဌများနှင့်အတူ ရင်းနှီးမြှုပ်နှံမှုနှင့်စက်မှုလက်မှု ဖွံ့ဖြိုးတိုးတက်ရေး ကော်မတအတွင်းရေးမှူး ဦးအောင်ကျော်ကျော်ဦးနှင့် ကော်မတီနှစ်ရပ်မှ ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

၂၀၁၈ ခုနှစ်၊ ဇွန်လ ၂၁ ရက်

Standard (Image)