ပြည်သူ့လွှတ်တော်၊ စီးပွားရေးနှင့်ဘဏ္ဍာရေး ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးခင်အေး Chemonics International အဖွဲ့အစည်းအား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်၊ စီးပွားရေးနှင့်ဘဏ္ဍာရေး ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးခင်အေးသည် Chemonics International အဖွဲ့အစည်းအား ယနေ့ မွန်းလွဲ ၃ နာရီ အချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-7) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် မြန်မာနိုင်ငံစီးပွားရေး ပြုပြင်ပြောင်းလဲရေး၏ မူဝါဒပိုင်းဆိုင်ရာကိစ္စရပ်များ၊ SME လုပ်ငန်းများ လုံလောက်သောအရင်းအနှီးရရှိရေး၊ လယ်ယာစိုက်ပျိုးရေးကဏ္ဍ၏ ထုတ်လုပ်မှု    အရည်အသွေးမြှင့်တင်ရေးနှင့် နည်းပညာပိုင်းဆိုင်ရာ ကိစ္စရပ်များအား USAID ၏ ထောက်ပံ့မှုဖြင့် အကူအညီပေးနိုင်ရေးနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ တင်ပြဆွေးနွေးခဲ့ပါသည်။

အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီ ဥက္ကဋ္ဌနှင့်အတူ အတွင်းရေးမှူး ဦးခင်မောင်စိုးနှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

၂၀၁၈ ခုနှစ်၊ ဇွန်လ ၂၁ ရက်

Standard (Image)