ပြည်သူ့လွှတ်တော်၊ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဒေါက်တာအောင်ထွန်းခိုင် Chemonics International အဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်၊ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဒေါက်တာအောင်ထွန်းခိုင် သည် Chemonics International အဖွဲ့အား ယနေ့ မွန်းလွဲ ၂ နာရီ အချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-2) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် ChemonicsInternational အဖွဲ့အစည်းအနေဖြင့် မြန်မာနိုင်ငံ၏စီးပွားရေး ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များတွင် အကူအညီပေးနိုင်ရေး၊ ပြည်သူ့ဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြှင့်တင်မှုလုပ်ငန်းစဉ်များတွင် အကူအညီ ပေးနိုင်ရေး၊ ကျေးလက်ဒေသများကို အခြေခံ၍ အသေးစားချေးငွေလုပ်ငန်းများ လုပ်ကိုင်ရာတွင် အထောက် အပံ့ပေးနိုင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍  ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီဥက္ကဋ္ဌနှင့်အတူ ကော်မတီအတွင်းရေးမှူး ဦးတင့်စိုးနှင့် ကော်မတီ အဖွဲ့ဝင်များ တက်ရောက် ခဲ့ကြသည်။

          ၂၀၁၈ ခုနှစ်၊ ဇွန်လ ၂၀ ရက်

Standard (Image)