ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန် Phoenix Association ဦးဆောင်သည့် အရပ်ဖက် (HIV) လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များပါဝင်သော အဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်သည် Phoenix Association ဦးဆောင်သည့် အရပ်ဖက် (HIV) လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များပါဝင်သော အဖွဲ့အား ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌရုံးခန်း၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် Phoenix Association အဖွဲ့အနေဖြင့် HIV တားဆီးကာကွယ်ရေး၊  ပြုစုကုသရေး ဆိုင်ရာဆောင်ရွက်လျက် ရှိသည့်ကိစ္စရပ်များနှင့် ဝေဒနာရှင်များ၏ ကြုံတွေ့နေရသည့် လူမှုရေးပြဿနာများ နှင့် ဆေးဝါးကုသရေးဆိုင်ရာ အခက်အခဲ များအား လွှတ်တော်မှ ကူညီပံ့ပိုးနိုင်ရေးဆိုင်ရာကိစ္စရပ်များနှင့် HIV ရောဂါပျံ့နှံ့မှု ထိန်းကျောင်းနိုင်ရေးဆိုင်ရာ ဥပဒေပြုရေး လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ တင်ပြဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌနှင့်အတူ ပြည်သူ့လွှတ်တော်၊ ကျန်းမာရေးနှင့် အားကစားဖွံ့ဖြိုး တိုးတက်ရေး ကော်မတီ အဖွဲ့ဝင် ဒေါ်ဖြူဖြူသင်းနှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

၂၀၁၈ ခုနှစ်၊ ဇွန်လ  ၂၀ ရက်

 

Standard (Image)