ပြည်သူ့လွှတ်တော်၊ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးတင်မောင်ဝင်းသည် မြပန်ဝါကုမ္ပဏီအဖွဲ့မှ Founder & CEO ဦးအောင်ဇော် ဦးဆောင်သည့်အဖွဲ့အား ယနေ့နံနက် ၈ နာရီခွဲအချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-9) ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ လမ်းအသုံးပြုသူ အများပြည်သူများ ခရီးသွားလာရေး လွယ်ကူချောမွေ့စေရန်၊ လမ်းများ၏ ငွေကောက်ခံရရှိမှု အလေအလွင့်နည်းစေရန်၊ တိုးဂိတ်များ၏ ငွေကောက်ခံရရှိမှုတို့ကို ပွင့်လင်းမြင်သာစွာ အချိန်နှင့်တပြေးညီ သိရှိနိုင်စေရန်နှင့် နိုင်ငံတော်၏ လုံခြုံရေး၊ e – Government အကောင်အထည်ဖော် ဆောင်ရွက်နေမှုတို့ကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်စေရန် ရည်ရွယ်၍ ရန်ကုန် - မန္တလေးအမြန်လမ်းမကြီးတွင် စတင်အသုံးပြုမည့် အီလက်ထရောနစ် ငွေကောက်ခံရေးစနစ် (ETC) Electronic Toll Collection ၏ အသုံးပြုပုံအဆင့်ဆင့်တို့ကို ရင်းနှီးပွင့်လင်းစွာ ရှင်းလင်းတင်ပြ ဆွေးနွေးခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီဥက္ကဋ္ဌ ဦးတင်မောင်ဝင်းနှင့်အတူ ကော်မတီအတွင်းရေးမှူး ဦးနေဖူးဗဆွေနှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
၂၀၁၈ ခုနှစ်၊ ဇွန်လ ၁၉ ရက်
