ပြည်သူ့လွှတ်တော်၊ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးတင်မောင်ဝင်းသည် Elite City Investment Co.,Ltd နှင့် China Changchun Hongda Information Science & Technology Co.,Ltd တို့မှ ကိုယ်စားလှယ်များအား ယနေ့ မွန်းလွဲ ၂ နာရီ အချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-9) ၌ လက်ခံ တွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင် E – Government နှင့် E-ID စနစ်ကို အသုံးပြုဆောင်ရွက်နိုင်ရန် နှင့်စပ်လျဉ်း၍ နိုင်ငံသားများ၏ ကိုယ်ရေးအချက်အလက်၊ စီးပွားရေး၊ လူမှုရေး ဆိုင်ရာ အချက်အလက်များကို ထိန်းသိမ်းရေးစနစ်၊ E – Education ၊ E – Passport ၊ E - Banking System စသည့်လုပ်ငန်းအသီးသီး၌ E – Government ဖြင့် လုပ်ဆောင်မှုအဆင့်ဆင့် များကို ရင်းနှီးပွင့်လင်းစွာ တင်ပြဆွေးနွေးခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီ ဥက္ကဋ္ဌ ဦးတင်မောင်ဝင်းနှင့်အတူ ကော်မတီအတွင်းရေးမှူး ဦးနေဖူးဗဆွေနှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
၂၀၁၈ ခုနှစ်၊ ဇွန်လ ၁၈ ရက်
