ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ လွှတ်တော်များဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရေးအဖွဲ့ (JCC) ဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန် Hanns Seidel Foundation (HSF)၏ ဌာနေကိုယ်စားလှယ် Mr. Achim Munz အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ လွှတ်တော်များဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရေးအဖွဲ့ (JCC) ဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန် သည် Hanns Seidel Foundation (HSF) ၏ ဌာနေကိုယ်စားလှယ် Mr. Achim Munz  ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌရုံးခန်း၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် Hanns Seidel Foundation အနေဖြင့် ဆောင်ရွက်ပြီးစီးခဲ့သည့် လွှတ်တော်ဖွံ့ဖြိုးရေးဆိုင်ရာလုပ်ငန်းစဉ်များ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် လွှတ်တော် ဝန်ထမ်းများ စွမ်းဆောင်ရည်မြင့်မားရေးအတွက် အကူအညီပေးရေး ဆိုင်ရာကိစ္စရပ်များ၊ ဂျာမနီလွှတ်တော်နှင့် မြန်မာလွှတ်တော်များအကြား ပူးပေါင်းဆောင်ရွက်ရေးနှင့် ဖက်ဒရယ် စနစ်အတွေ့အကြုံဖလှယ်ရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌနှင့်အတူ လွှတ်တော်များ ဖွံ့ဖြိုးတိုး တက်ရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ (JCC) ဒုတိယဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်၊ အဖွဲ့ဝင် ဦးတင်အောင်ချို နှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

၂၀၁၈ ခုနှစ်၊ ဇွန်လ ၁၄ ရက်

Standard (Image)