မြန်မာနိုင်ငံနှင့်အာဆီယံနိုင်ငံများ၏ GDP တန်ဖိုး နှင့် GDP တိုးတက်မှုနှုန်း

 

မြန်မာနိုင်ငံနှင့်အာဆီယံနိုင်ငံများ၏ GDP တန်ဖိုး နှင့် GDP တိုးတက်မှုနှုန်း

မြန်မာနိုင်ငံနှင့် အာဆီယံနိုင်ငံများ၏ GDP တန်ဖိုးနှင့် GDP တိုးတက်မှုနှုန်းကို အောက် ဖော်ပြပါ Bar Chart များဖြင့်လည်းကောင်း၊ Line Chart ဖြင့်လည်းကောင်း ရှင်းလင်းတင်ပြ ထားပါသည်။ ဤကိန်းဂဏန်းဆိုင်ရာ Statistical Bulletin တွင်
•    မြန်မာနိုင်ငံ၏ GDP တန်ဖိုး (၂၀၁၂ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ)
•    အာဆီယံနိုင်ငံများ၏ GDP တန်ဖိုး (၂၀၁၈ ခုနှစ်)
•    မြန်မာနိုင်ငံ၏ GDP တိုးတက်မှုနှုန်း (၂၀၁၄ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ) နှင့်
•    အာဆီယံနိုင်ငံများ၏ GDP တိုးတက်မှုနှုန်း (၂၀၁၈ ခုနှစ်) တို့ကို ဖော်ပြထားပါ သည်။

GDP (Gross Domestic Product)

GDP ဆိုသည်မှာ ပြည်တွင်းအသားတင်ထုတ်ကုန်တန်ဖိုးစုစုပေါင်းကို ဆိုလိုပါသည်။ စီးပွားရေးအဆောက်အအုံအတွင်း၌ ထုတ်လုပ်ထားသော နောက်ဆုံးသုံး ကုန်စည်အားလုံး၏ ငွေကြေးတန်ဖိုးကို တွက်ချက်ပြီး စုပေါင်း၍ဖော်ပြသောတန်ဖိုးအား စုစုပေါင်းပြည်တွင်းထုတ်ကုန် တန်ဖိုး (GDP) ဟုခေါ်ပါသည်။

GDP တိုးတက်မှုနှုန်း (GDP Growth Rate)

GDP တိုးတက်မှုနှုန်းဆိုသည်မှာ ပြည်တွင်းကိန်းသေငွေကြေးပေါ်အတွင်ခြေခံသော ဈေးကွက် ဈေးနှုန်း၌ နှစ်စဉ် GDP ရာခိုင်နှုန်းတိုးတက်ခြင်းကို ဆိုလိုပါသည်။
Statistical Bulletin အမှတ်စဉ် - (၇)
မြန်မာနိုင်ငံ၏ GDP တန်ဖိုး (၂၀၁၂-၂၀၁၈)
  

၂၀၁၂ ခုနှစ်မှ ၂၀၁၈ ခုနှစ်အတွင်း မြန်မာနိုင်ငံ၏ GDP တန်ဖိုးကို ဖော်ပြပါ Bar Chart ဖြင့် တင်ပြထားပါသည်-

The Statistics Portal ပါ ကိန်းဂဏန်းအချက်အလက်များအရ ၂၀၁၂ ခုနှစ်မှ ၂၀၁၈ ခုနှစ်အတွင်း မြန်မာနိုင်ငံ၏ GDP တန်ဖိုးသည် နှစ်စဉ် မြှင့်တက်လျက်ရှိခဲ့သော်လည်း ၂၀၁၅ ခုနှစ်တွင် လျော့နည်းသည်ကို တွေ့ရှိရပါသည်။ ၂၀၁၅ ခုနှစ်တွင် GDP တန်ဖိုးလျော့နည်း ရခြင်းမှာ ၎င်းနှစ်၏ သြဂုတ်လတွင် ရေကြီးရေလျှံမှု သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်ခဲ့သဖြင့် စိုက်ပျိုးမြေများနှင့် ငါးမွေးမြူရေးကန်များ ပျက်စီးကာ လမ်းပန်းဆက်သွယ်မှုပြတ်တောက်ခြင်း များကြောင့် လယ်ယာကဏ္ဍထုတ်လုပ်မှုနှုန်း ကျဆင်းခဲ့ခြင်းအပြင် အခြားကဏ္ဍကြီးများဖြစ်သည့် စက်မှုကဏ္ဍနှင့်ဝန်ဆောင်မှုကဏ္ဍတို့တွင်လည်း ထုတ်လုပ်မှုများ ကျဆင်းခဲ့ခြင်းကြောင့် ဖြစ်ပါ သည်။

အာဆီယံနိုင်ငံများ၏ GDP တန်ဖိုး (၂၀၁၈ ခုနှစ်)

၂၀၁၈ ခုနှစ် အာဆီယံနိုင်ငံများ၏ GDP တန်ဖိုးကို ဖော်ပြပါ Bar Chart ဖြင့် တင်ပြ ထားပါသည်-

၂၀၁၈ ခုနှစ်၊ အာဆီယံနိုင်ငံများ၏ GDP တန်ဖိုးတွင် အင်ဒိုနီးရှားနိုင်ငံ၏ GDP တန်ဖိုးသည် အမေရိကန်ဒေါ်လာသန်းပေါင်း ၁၀၉၂.၁၄ ဖြင့် အများဆုံးဖြစ်ပြီး လာအိုနိုင်ငံ၏ GDP တန်ဖိုး သည် အမေရိကန်ဒေါ်လာသန်းပေါင်း ၁၈.၆၇ ဖြင့် အနည်းဆုံးဖြစ်သည်ကို တွေ့ရှိရ ပါသည်။ ၂၀၁၈ ခုနှစ်၊ အာဆီယံနိုင်ငံများ၏ GDP တန်ဖိုးများတွင် မြန်မာနိုင်ငံသည် GDP တန်ဖိုး အမေရိကန်ဒေါ်လာသန်းပေါင်း ၇၄ ဖြင့် အဆင့် (၇) နေရာတွင်ရှိကြောင်း တွေ့ရှိရ ပါသည်။

မြန်မာနိုင်ငံ၏ GDP တိုးတက်မှုနှုန်း (၂၀၁၄-၂၀၁၈)

၂၀၁၄ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ မြန်မာနိုင်ငံ၏ GDP တိုးတက်မှုနှုန်းကို ဖော်ပြပါ Line Chart ဖြင့် တင်ပြထားပါသည်-

၂၀၁၄ ခုနှစ်မှ ၂၀၁၈ ခုနှစ်အတွင်း မြန်မာနိုင်ငံ၏ GDP တိုးတက်မှုနှုန်းကို လေ့လာပါက ၂၀၁၄ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ တဖြည်းဖြည်း ကျဆင်းလာပြီး ၂၀၁၆ ခုနှစ်တွင် အနည်းဆုံးဖြစ် သည်ကို တွေ့ရှိရပါသည်။ ၂၀၁၆ ခုနှစ်တွင် မြန်မာနိုင်ငံ၏ GDP တိုးတက်မှုနှုန်းကျဆင်းရခြင်း မှာ ကုန်ပစ္စည်းဈေးနှုန်းလျော့ကျခြင်း၊ သစ်တောထွက်ပစ္စည်းများလျော့ကျခြင်း၊ စားသောက်ကုန် ပစ္စည်းများလျော့ကျခြင်း၊ စွမ်းအင်နှင့်သဘာဝဓာတ်ငွေ့များလျော့ကျပြီး တင်ပို့မှုကျဆင်းခြင်းနှင့် ဆောက်လုပ်ရေးဝန်ဆောင်မှုများ လျော့ကျခြင်း အစရှိသည့်လုပ်ငန်းများကြောင့် ဖြစ်ပါသည်ဟု ADB ၏ ခန့်မှန်းချက်အရ သိရှိရပါသည်။  ၂၀၁၅ ခုနှစ်နှင့် ၂၀၁၆ ခုနှစ်များတွင် နိုင်ငံတဝှမ်း ရေလွှမ်းမိုးမှုမြင့်မားခြင်းနှင့် တရုတ်နိုင်ငံတွင် စီးပွားရေးတိုးတက်မှု ကျဆင်းခြင်းနှင့်လည်း သက်ဆိုင်ပါသည်။

အာဆီယံနိုင်ငံများ၏ GDP တိုးတက်မှုနှုန်း (၂၀၁၈ ခုနှစ်)

၂၀၁၈ ခုနှစ် အာဆီယံနိုင်ငံများ၏ GDP တိုးတက်မှုနှုန်းကို ဖော်ပြပါ Bar Chart ဖြင့် တင်ပြထားပါသည်-

ADB ၏ ခန့်မှန်းတွက်ချက်မှုအရ ၂၀၁၈ ခုနှစ်အတွင်း အာဆီယံနိုင်ငံများ၏ GDP တိုးတက်မှုနှုန်းတွင် မြန်မာနိုင်ငံသည် GDP တိုးတက်မှုနှုန်းမှာ ၈ ရာခိုင်နှုန်းဖြင့် အမြင့်ဆုံးဖြစ် ပြီး ဘရူနိုင်းနိုင်ငံ၏ GDP တိုးတက်မှုနှုန်းမှာ ၁ ရာခိုင်နှုန်းဖြင့် အနည်းဆုံးဖြစ်နေသည်ကို တွေ့ရှိ ရပါသည်။ မြန်မာနိုင်ငံသည် ဘရူနိုင်းနိုင်ငံထက် GDP တိုးတက်မှုနှုန်း ၇ ရာခိုင်နှုန်း မြင့်မား နေကြောင်းတွေ့ရှိရပါသည်။
    မြန်မာနိုင်ငံ၏ GDP သည် တဖြည်းဖြည်းဦးမော့လာသည်ကို တွေ့ရှိရပါသည်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများတိုးတက်လာခြင်း၊ အရေးယူပိတ်ဆို့ခြင်းခံရသော မြန်မာ့ကုန်ပစ္စည်း များ နိုင်ငံတကာဈေးကွက်တွင် ပြန်လည်တင်ပို့လာနိုင်ခြင်း၊ အခွန်များ တိုးတက်ရရှိလာခြင်းနှင့် စိုက်ပျိုးရေးကဏ္ဍ၊ စက်မှုကုန်ထုတ်ကဏ္ဍနှင့်ဝန်ဆောင်မှုကဏ္ဍများတွင် တိုးတက်မှု အတိုင်းအတာ တစ်ခုအထိ ရရှိလာခဲ့သဖြင့် နိုင်ငံ၏ GDP သည်လည်း တိုးတက်လာသည်ဟု ယူဆနိုင်ဖွယ်ရှိ ပါသည်။

နိဂုံး
    GDP ဖွံ့ဖြိုးတိုးတက်မှုနှုန်းသည် နိုင်ငံ၏ဆင်းရဲနွမ်းပါးမှုများ၊ ဆင်းရဲချမ်းသာကွာဟမှု များနှင့်တိုက်ရိုက်မသက်ဆိုင်သော်လည်း နိုင်ငံ၏စီးပွားရေးနှင့် GDP ဖွံ့ဖြိုးတိုးတက်စေရန် အတွက် နိုင်ငံတော်အနေဖြင့် အစိုးရ၏ပြည်တွင်းစီးပွားရေးလုပ်ငန်းများပေါ်တွင် အစဉ်တစိုက် အလေးထား၍ လိုအပ်သောကူညီထောက်ပံ့မှုများပေးခြင်း၊ ပြည်တွင်းနိုင်ငံရေးတည်ငြိမ်မှုရှိခြင်း၊ ပြည်တွင်းငြိမ်းချမ်းရေးရရှိစေခြင်း၊ အသေးစားနှင့်အလတ်စားစက်မှုလုပ်ငန်းများ တိုးတက်မှုရှိ ခြင်း၊ နိုင်ငံတကာဈေးကွက်ထိုးဖောက်နိုင်ခြင်း၊ လုပ်ငန်းရှင်များမှ အခွန်တိုးမြှင့်ပေးဆောင်ခြင်း၊ ပြည်သူလူထုအတွက် အကျိုးပြုမည့် ဥပဒေနှင့်မူဝါဒများ ချမှတ်ဆောင်ရွက်ခြင်းတို့သည် နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန် အဓိကအချက်များ ဖြစ်ပါသည်။

သတိပြုရန်

ဤသတင်းအချက်အလက်သည် လွှတ်တော်ကိုယ်စားလှယ်များအား ၎င်းတို့၏ လွှတ်တော်ဆိုင်ရာ တာဝန်များကို ဆောင်ရွက်ရာတွင် အထောက်အကူပြုရန်အတွက် ဖြစ်ပါသည်။ ပုဂ္ဂိုလ်ရေးဆိုင်ရာ ကိစ္စ တစ်စုံတစ်ခုအတွက် အသုံးပြုရန်မဟုတ်ပါ။ အချိန်နှင့်တပြေးညီ နောက်ဆုံးရသတင်းဖြစ်မည်ဟု သတ်မှတ် မထားသင့်ပါ။ ဤအချက်အလက်များအား တရားဝင် သို့မဟုတ် ပညာရှင်ဆိုင်ရာအကြံပေးချက်အဖြစ် မသတ်မှတ်သင့်ပါ။ အထူးအကြံပေးချက် သို့မဟုတ် သတင်းအချက်အလက်များလိုအပ်ပါက အရည်  အသွေးပြည့်မီသော သင့်လျော်သည့် ကျွမ်းကျင်ပညာရှင်နှင့် ဆွေးနွေးတိုင်ပင်သင့်ပါသည်။ လွှတ်တော် သုတေသနဝန်ဆောင်မှုသည် စာတမ်းတိုများတွင် ပါဝင်သောအကြောင်းအရာများနှင့် စပ်လျဉ်း၍ လွှတ်တော် ကိုယ်စားလှယ်များ၊ လွှတ်တော်ဝန်ထမ်းများနှင့် ဆွေးနွေးမှုများ ပြုလုပ်ပေးနိုင်ပါသည်။ အများပြည်သူနှင့် ဆွေးနွေးမှုများ ပြုလုပ်ခြင်းမရှိပါ။

Standard (Image)