ပြည်သူ့လွှတ်တော်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးစိုးသူရထွန်းသည် Food and Agriculture Organization အဖွဲ့အား ယနေ့ မွန်းလွဲ ၁၂ နာရီခွဲ အချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-10) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၏ သဘာဝပတ်ဝန်းကျင်နှင့် သယံဇာတများ ဆုံးရှုံးမှုမရှိစေရန် သစ်တောရေးရာစီမံခန့်ခွဲမှု၊ ရာသီဥတုနှင့် ကိုက်ညီစွာ စိုက်ပျိုးနိုင်ရေး နည်းစနစ်သစ်များ နှင့်စပ်လျဉ်း၍ စိတ်ပါဝင်စားသည့် လွှတ်တော် ကိုယ်စားလှယ်များနှင့် ဆွေးနွေးပွဲပြုလုပ်ခြင်းဖြင့် အသိပညာမျှဝေနိုင်မည့် ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
၂၀၁၈ ခုနှစ်၊ ဇွန်လ ၆ ရက်
Standard (Image)
