ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သို့ ချစ်ကြည်ရေးခရီး လာရောက်လည်ပတ်သော တရုတ်ပြည်သူ့ နိုင်ငံရေးအတိုင်ပင်ခံ ကွန်ဖရင့်၏ (၁၃) ကြိမ်မြောက် စီးပွားရေးဆပ် ကော်မတီ ဥက္ကဋ္ဌ H.E.Mr. Shang Fulin ဦးဆောင်သော အဖွဲ့သည် ယနေ့ ညပိုင်းတွင် နေပြည်တော်မှ ဘန်ကောက်သို့ PG722 လေယာဉ်ဖြင့် ပြန်လည်ထွက်ခွာသွားရာ ပြည်သူ့လွှတ်တော်၊ စီးပွားရေးနှင့် ဘဏ္ဍာရေး ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးခင်အေး၊ အတွင်းရေးမှူး ဦးခင်မောင်စိုးနှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ လိုက်ပါပို့ဆောင် နှုတ်ဆက်ကြသည်။
၂၀၁၈ ခုနှစ်၊ ဇွန်လ ၅ ရက်
Standard (Image)
